-1-

2K 223 122
                                    

Uni

ဇာမဏီနန်းဆောင်ထဲ ကိုယ်ဝန်လရင့်မှ အဆိပ်ခတ်လုပ်ကြံခံရကာ ကလေးပျက်ကျသောမိဖုရားခေါင်ကြီးကြောင့် သမားတော်တွေ ဆေးပညာအနည်းငယ်တက်ကျွမ်းကြတဲ့ အစေခံတွေဖြင့် သည်းသည်းထန်ထန်ရွာသွန်းနေသောမိုးစက်ကြား အပူတပြင်းပြေးလွှားနေကြရသည်။ မိုးချုန်းသံနဲ့မိုးသံတွေ ကျယ်လောင်နေတဲ့ကြား နာကျင်လို့အော်ဟစ်ငိုကြွေးနေတဲ့ မိဖုရားခေါင်ကြီးရဲ့စို့နင့်ကြေကွဲသံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသလို ဘုရင်မင်းမြတ်ရဲ့အမြတ်တော်ဟာလည်းထက်ရှလျက်။

"ကလေးက ရုပ်လုံးပေါ်နေပြီးသား။ အရိုးအဆစ်တွေဖွဲ့စည်းနေရင်းဖျက်ဆီးသွားတော့ ထုတ်ရခက်ခဲတယ်။ ဂျောင်ဂုမင်းလုပ်နိုင်ရဲ့လား"

"ကျွန်တော်ကိုင်တွယ်နိုင်တယ်"

"ယုံကြည်တယ်"

ဆရာရဲ့စကားသံကြားတော့ ဆီမီးရောင်တွေကြားပြုံးသွားတဲ့ မျက်နှာဟာကြည်နူးမှုဖြစ်လိမ့်မယ်။ စတင်ရန် နေရာယူအပြီး အမိန့်သံဩဩစတင်ထွက်လာသည်။

"ရေနွေး နဲ့ မီးကင်ထားတဲ့ညှပ် ယူခဲ့"

နန်းတွင်းရဲ့အတော်ဆုံးဆိုတဲ့သမားတော်က သူ့တပည့်ဂျွန်ဂျောင်ဂုထံလွှဲပေးတဲ့အခါ ပြင်းပျတဲ့စိတ်ဆန္ဒနဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ထွန်းတောက်နေသော အာရုံစူးစိုက်နေတဲ့ မျက်ဝန်းတွေကတစ်ချက်မတုန်လှုပ်ပဲ အဆိပ်ရဲ့ဒဏ်ကြောင့် ကျိုးကျေပျက်ဆီးနေရှာတဲ့ မိဖုရားဝမ်းဗိုက်ထဲမှအိမ်ရှေ့စံလောင်းလျာရဲ့ အလောင်းအား မကျန်ရလေအောင် ဆွဲထုတ်ပြီးပိတ်ဖြူစပေါ်သေချာစုပုံထားလိုက်သည့် ပုံစံတွေသည် သိပ်သေသပ်လွန်းတာကြောင့် သူပျိုးထောင်ခဲ့တဲ့တပည့်ကို သူကိုယ်တိုင်ချီးကျူးမိတဲ့အထိ။ ဂျွန်ဂျောင်ဂုဆိုတာ ပါရမီသိပ်ကြီးတဲ့ မြို့တွင်းကသမားတော်ပေါက်စလေးပင်ဖြစ်သည်။

နာကျင်ခြင်းကြောင့် မျော့မျော့သာကျန်တော့တဲ့ မိဖုရားကြီးဟာအသက်ရှူသံမျှင်းမျှင်းနဲ့ အသံမထွက်နိုင်တော့။ တစ်ဖက်နည်းဆောင်မှာလည်း မိဖုရားခေါင်၏ပေါ့ဆလွန်းတဲ့ဆင်ခြင်မှုတွေကြောင့် သူ့သွေးသားသေဆုံးရသည်ဟု တစ်သတ်မတ်တည်းကောက်ချက်ချကာ မိဖုရားအပေါ်ဒေါသသူပုန်ထနေတဲ့ဘုရင်ဟာလည်း စုံလုံးကန်းနေသည်။ လုပ်ကြံမှုလား ပေါ့ဆမှုလားမဝေခွဲအောင်အထိကို မင်းကြီးသည်လည်းလူတစ်ချို့ရဲ့သွေးထိုးခြင်းကို လွယ်လင့်တကူခံသွားရသည်။ အိမ်ရှေ့စံလေးအားကိုယ်ဝန်လွယ်ခါစ ရှေ့ဖြစ်ဟောပုဏ္ဏားတွေရဲ့ဟောပြောချက်သည် ထီးနန်းတပ်မက်သူတွေအဖို့ရင်ထိတ်စရာဖြစ်နေခဲ့ကာ မရ ရတဲ့နည်းနဲ့သန္ဓေသားလေးကိုသေစေဖို့ ကြိုးစားနေကြတာများ ပူပူလောင်လောင်။

နာမ်Where stories live. Discover now