-Unicode-
အိပ်ဆောင်ထဲက ငိုရှိုက်သံတွေကြားနေရသရွေ့ ထွက်သွားချင်နေသေးတယ် လို့ အံ့ကြိတ်ကြိတ်တွေဆိုမိရင်း ရက်များစွာတံခါးတွေဖွင့်မကြည့်ခဲ့။ အထဲကသက်ရှိ ဘယ်လိုနေသလဲလည်း စိတ်မဝင်စားနိုင်ခဲ့။ လွမ်းလာရင် သေရည်တွေသောက်ပြီး ဖြေဖျောက်ပစ်လိုက်မည်..ထွက်သွားချင်နေဆဲ ဂျွန်ဂျောင်ဂုကိုတော့ ပြေးမကြည့်ချင်ပါ။ ရင်တွေအဆမတန်ပူလောင်ရလိမ့်မည်။
ဘဝဟာသွေးကျိန်စာဆိုတဲ့ အချက်က ခေါင်းထဲဝင်လာခဲ့တဲ့အခါ ကျိန်စာဖြေဖို့နည်းတွေရှာခဲ့သည်။ ဂျောင်ဟိုဆော့နဲ့ မင်ယွန်းဂီ ကို ကျိန်စာချေဖျက်နိုင်မဲ့အရာ သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေစုံစမ်းဖို့အမိန့်တွေပေးခဲ့ပြီး ခမည်းတော်နဲ့ပါမျက်နှာချင်းဆိုင်ဆွေးနွေးချင်လာခဲ့သည်။
ကျိန်စာကြောင့် ဂျွန်နဲ့ကျွန်တော် မပြေလည်နေတာ။ ဒေါသလှိုင်းခတ်မှုတွေအကြား နှစ်ယောက်လုံးအထိနာနေသည်။ ပုံသေချထားတဲ့ဇာတ်ကြောင်းထဲရောက်နေရခြင်းတွေကို ပြောင်းလဲပစ်ချင်နေပြီ။ တော်ဝင်အိမ်ရှေ့စံဘဝလည်းမရချင်နေပါ မြို့စွန်ကခြံဝန်းလေးထဲသာ သမားတော်လေးနဲ့အတူရှိနေဖို့ကိုသာ မက်မောတာ။ တပ်မက်နေတာ။ အမှတ်ရစရာတွေက လှလွန်းတဲ့အခါ ဂျွန်ဂျောင်ဂုကို လက်လွတ်လိုက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့ ကိစ္စ။
သွေးမိစ္ဆာဖြစ်နေလို့ အတူမရှိချင်တာဆိုရင် မိစ္ဆာဖြစ်လာဖို့ ကျွန်တော်ရွေးချယ်ခဲ့တာမှမဟုတ်ခဲ့တာ..။ စကားနားမထောင်လို့ဆိုရင် ကျွန်တော်ပြင်ပါ့မယ်။ သွေးရဲနေခဲ့တဲ့လက်တွေကိုမြင်ပြီး ကြောက်သွားခဲ့တာဆိုရင် ထွေးပွေ့ပေးပါ့မယ်။ ရင်ကိုတော့ မနင်းချေချင်စမ်းပါနဲ့ ခင်ဗျားအကြည့်လေးစူးရင်ကို ဒီကောင်ရှုံးပြီးသားမို့။
"ကျိန်စာ ဖြေပစ်ချင်နေတယ်။ သားတော်ရဲ့ဘဝကို ဘာမဟုတ်တဲ့ စက္ကူလေးရဲ့စာလုံးတွေပေါ် တင်ပေးထားရတာ ဒီလောက်ဆိုလုံလောက်သင့်ပြီလေ။ ခမည်းတော် ကျုပ်အတွက်ကြံပါဦး"
"ဂန္တမာပန်းကို အခြောက်ခံပြီနှပ်ထားတာ အရသာမဆိုးဘူး။ သားတော်ကတွေ့ချင်နေတယ်ဆိုလို့ လက်ဖက်ရည်ကြမ်း(ရေနွေးကြမ်း) ကောင်းကောင်းကို ချန်ကပြင်ဆင်ပေးထားတာ"
![](https://img.wattpad.com/cover/354065484-288-k175578.jpg)
YOU ARE READING
နာမ်
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook