-7-

412 66 4
                                    

-Unicode-

"တောင်းပန်တယ်..ကျုပ်ကတောင်းပန်ပါတယ် ဂျွန်.."

အိမ်ရှေ့စံသည် သမားတော်လေးကို ရင်ခွင်ထဲမှထုတ်လိုက်သည်။ လက်ဖဝါးနုနုနှစ်ဖက်ကို အသာအယာဆုတ်ကိုင်လိုက်ရင်း ပျော်ရွှင်ခြင်းအရောင်သမ်းနေခဲ့တဲ့မျက်နှာသည် ရုတ်ချည်းနွမ်းလျသွားစွာ တောင်းပန်စကားတွေဟာ ခပ်ဖွဖွ။

အပြစ်တွေတင်မှာကို ခံယူနိုင်ပေမဲ့ မောင်းထုတ်မှာကိုစိုးနေခဲ့တာ..မုန်းသွားမှာကိုလက်မခံနိုင်တာ။ ' စိတ်လွတ်ထွက်သွားခဲ့လို့ ထိခိုက်စေမိတာပါ ' ဆိုတဲ့စကားတွေကို သေမင်းတံခါးဝကပြန်လာခဲ့တဲ့ အသက်ဓာတ်ကလှောင်ရယ်နေလေမလား။ အမျက်နဲ့ရိုက်ချလိုက်မဲ့ လက်ဖဝါးချက်တွေကိုသာ ခံနိုင်သည်..မျက်လုံးဝိုင်းဝိုင်းလေးဆီကနေ သူ့ကို မနှစ်မြို့စရာမိစ္ဆာကောင် ဆိုပြီး အစချီပြီးများ ကြည့်များလာခဲ့ရင် သူဘာတွေလုပ်မိမယ်မသိအောင် အသိစိတ်ကလွတ်ထွက်သွားလိမ့်မည်။ ခွင့်လွှတ်ပေးဖို့ မတောင်းဆိုပါဘူး..အနားကနေမောင်းမထုတ်ဖို့ပဲ မျှော်လင့်မိခြင်းသာ။

ဂျောင်ဟိုဆော့ သူ့ခန့်မှန်းချက်တွေကြား အဆိပ်ဟာပြယ်သွားခဲ့ပြီး ကောင်ငယ်လေးနိုးထလာနိုင်ခဲ့သည်။ ဝမ်းသာမိပေမဲ့ သူဒီနေရာမှာဆက်ရှိနေဖို့မသင့်လျော်တာကြောင့် အိမ်ရှေ့ကကွပ်ပျစ်လေးထံသာ ဂျောင်ဟိုဆော့ရဲ့ခြေတွေဦးတည်ထွက်သွားခဲ့သည်မှာ တိတ်တဆိတ်ရယ်။

"မျှော်နေခဲ့တာ..ခင်ဗျားမျက်ဝန်းတွေမြင်ရဖို့ မျှော်နေခဲ့တာ။
တော်သေးတာပေါ့ တကယ်ကိုတော်သေးတာပေါ့ ဒီမျက်ဝန်းတွေကအလှပျက်မသွားခဲ့လို့"

မျက်အိမ်တွေရဲ့ခပ်ဆွေးဆွေးကြည့်ရခြင်းအတတ်ကို ဒီမိစ္ဆာလေးဘယ်အချိန်များတတ်မြှောက်သွားခဲ့တာလဲ။ ဒီမျက်နှာဖြစ်နေခဲ့ပေမဲ့ ဒီအသွင်ဟုတ်မနေခဲ့တဲ့ ကြောက်စရာကင်မ်ထယ်ယောင်းကို မျက်လုံးထဲပြန်မြင်ယောင်လာသည်။ သူ့လည်တိုင်ကိုရည်ရွယ်ချက်ရှိရှိညစ်နေခဲ့တဲ့ ဆိုးယုတ်ဖွယ်မျက်လုံးအကြည့်တွေက လက်ရှိမျက်ဝန်းအကြည့်တွေနဲ့ကွဲလွန်းစွာ သူမှတ်မိနေသည်။

နွေးထွေးခြင်းနဲ့ဆွေးမြေ့စွာ လူကိုအကြည့်မလွှဲ စိုက်ကြည့်နေတဲ့မျက်နှာကို အသေးစိတ်အကဲခတ်မိသည်။ မျက်စိရှေ့ကအကြင်သူသည် သူရဲ့ကင်မ်ထယ်ယောင်းလား။ ပြေလျော့နေတဲ့မျက်ခုံးတန်းက စိတ်လေးငြိမ်နေဟန်ရပြီး မျက်လုံးသေဟုတ်မနေခဲ့တဲ့ မျက်ဝန်းညိုညိုမှာခံစားချက်တွေရှိနေပုံက တကယ်ပဲသူလား..။ အတွေးတစ်ချက်နဲ့အတူ ပါးပြင်တွေထံ ခပ်ဖွဖွအုပ်ကိုင်မိလိုက်သည်။

နာမ်Where stories live. Discover now