-Unicode-
အပူလောင်ဒဏ်တွေပျောက်သလောက်နီးနီးမို့ လတ်စသတ်ဖို့ကျန်နေတဲ့ပန်းချီကားကို အိပ်ဆောင်ထဲငြိမ်ငြိမ်ကလေး အပြီးသတ်ထိုင်ဆွဲရင်း ဆေးရောင်တွေနဲ့ထိတွေ့နေခဲ့သည်။ အစေခံတစ်ယောက်ရဲ့ ညွှန်ကြားချက်နဲ့ နန်းဆောင်ထဲလူတစ်ယောက်ရောက်လာတာကြောင့် ဘယ်သူလဲသိချင်ပြီးအပြင်ပြေးထွက်လာခဲ့သည်။ သူရောက်ကတည်းကသတိထားမိတယ် ကင်မ်ထယ်ယောင်းကသူ့နန်းဆောင်ထဲ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှအဝင်ခံတာမဟုတ်လို့ သိလိုစိတ်ကပြင်းပျနေသည်။
"ယွန်းဂီဟျောင်း.."
"ဟင်..ဂျောင်ဂု။ မင်းဘယ်လိုဖြစ်ပြီး အိမ်ရှေ့စံရဲ့နန်းဆောင်မှာရှိနေရတာလဲ မြောက်ပိုင်းကိုသွားလိုက်ပြီမဟုတ်ဘူးလား"
မင်သခင်လေးက သူ့ကိုတွေ့တာနဲ့ တအံ့တဩတွေဖြစ်ပြနေသည်။ တကယ်ဆိုသိသင့်တာမဟုတ်လား ကင်မ်ထယ်ယောင်းနဲ့ပတ်ပင်းတိုးမှတော့ ထွက်သွားလို့မရတော့ကြောင်း..။ ဒီကြားထဲဖြစ်သွားရတဲ့ပြဿနာတွေက ရုပ်ဆိုးလွန်းတာမို့ ပြောပြဖို့တော့အစီအစဉ်မရှိခဲ့။ မင်ယွန်းဂီဟျောင်းကို နန်းဆောင်ထဲဝင်ခိုင်းတဲ့အထိ ကင်မ်ထယ်ယောင်းကစိတ်ချနေတယ်ဆိုရင် ဒါဟာအပြင်ထွက်ရဖို့ နည်းနည်းလောက်တော့ကြံဖန်ဖို့အသင့်ဆုံးအချိန်ဘဲ။
"သွားလိုက်ရင် ဒီလိုအကောင်လိုက်ကြီး မြင်ပါ့မလား။ ဒါနဲ့ဘယ်လိုရောက်လာတာလဲ"
"အိမ်ရှေ့စံနဲ့ဆွေးနွေးရမှာတွေရှိနေလို့ ဒီမှာလာစောင့်နေတာ "
"အဲ့လိုကို..။ ဒါနဲ့ အပြင်မှာအခြေအနေဘယ်လိုရှိလဲ"
"အပြင်ထွက်ကြည့်ပေါ့"
မင်သခင်လေးဘုကလန့်သမားကို အကွက်ထဲရောက်အောင်ဆွဲဖို့က သိပ်လွယ်ပါသည်။
"ထွက်လို့ရအောင်ကူညီပေးပေါ့"
ရေနွေးကြမ်းသောက်ရင်း မင်ယွန်းဂီကသမားတော်လေးထံလှမ်းကြည့်သည်။
"ဒီနန်းဆောင်ထဲမှာအပိတ်ခံထားရတာတော့ မဟုတ်ဘူးမလား"
"အဲ့တာက....ဟုတ်တယ် အပိတ်ခံထားရတာ။ ထွက်သွားမှာစိုးလို့တဲ့.."

YOU ARE READING
နာမ် / Complete /
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook