-Unicode-
ဆေးဖက်ဝင်တဲ့သစ်ပင်ရုံတွေနဲ့ လေယူရာယိမ်းနေကြတဲ့ ပန်းပင်သေးသေးလေးတွေအစီအစီစိုက်ပျိုးထားတဲ့ အနီးအနားနေထိုင်သူနည်းပါးပြီး တောအုပ်နဲ့နီးသည့်ရိုးရာအိမ်ပုလေးကို ဆူးရှိပြီးအဆိပ်ပါတဲ့နွယ်ရုံပင်တွေအား ခြံစည်းရိုးအနေဖြင့်အသုံးပြုကာရံထားသည်။ မွေးထားတဲ့ကြက်နှစ်ကောင်ကလည်း သူ့အိမ်ထဲသူနေနေသည်။ လေအေးအေးနဲ့ ကျေးငှက်အော်သံ စမ်းရေစီးသံတွေပါကြားရတဲ့အထိ...တိုင်းပြည်ရဲ့အဓိက ကုန်သွယ်ကုန်သွင်းလူစည်ကားတဲ့မြို့လည်ရဲ့ အစွန်မှာရှိတာကြောင့် ရွာလို့ဆိုနိုင်တဲ့နေရာက နန်းတော်နဲ့တော်တော်အလှမ်းဝေးပြီး သမားတော်ဂျွန်ဂျောင်ဂုနေထိုင်ရာ တည်နေရာရပ်ဝန်းလေး။
ပျဥ်ကုတင်ပေါ် ရင်ဘတ်မှာလက်နှစ်ဖက်ယှက်တင်ကာ နှစ်နှစ်ခြိုက်ခြိုက် အေးချမ်းစွာအိပ်ပျော်နေတဲ့ သမားတော်သည် လွှာချထားတဲ့မျက်တောင်ရှည်တွေကော့စင်းသည်။ အဝတ်အစားက အဖြူရောင်ဟုတ်မနေတော့ပဲ ကျက်သွေးနီရောင်တောက်တောက်ဖြစ်နေတဲ့အပြင် လက်ကဒဏ်ရာကလည်း အစဖော်မရအောင်ပျောက်ကင်းနေသည်။ နောက်ပြီး နန်းတော်နဲ့အလှမ်းဝေးတဲ့နေရာဖြစ်နေပေမဲ့ သမားတော်ရဲ့အိမ်ရှေ့စုဝေးနေကြတဲ့ နန်းတွင်းတပ်သားအများအပြားကြား အနက်ရောင်ဝတ်ရုံရှည်အားရွှေချည်နဲ့ထွင်းရက်ထားတဲ့ ကနုတ်တွေဖြင့် မြင်းဖြူကြီးပေါ်ကထင်းလင်းနေတဲ့ထိုလူမှာ အရှိန်အဝါတွေရှိနေသည်။ ဆံနွယ်ရှည်တွေက သာမာန်မဟုတ်ပဲဖြူစွတ်နေတဲ့ကြား ထိုးထားတဲ့ဆံထိုးကလည်း ရှားပါးရတနာနဲ့ထုဆစ်ထားခြင်း..တော်ဝင်မျိုးရိုးတွေသာ ပိုင်ဆိုင်ခွင့်ရတဲ့အဆင်တန်ဆာမျိုး။ ထူထဲတဲ့မျက်ခုံးတွေနဲ့ ပိရိနေတဲ့နှုတ်ခမ်းပါး မီးတော်ဝင်းဝင်းထနေတဲ့မျက်လုံးတွေး ခန့်ညားတဲ့လူတစ်ယောက်။ သူကဘယ်သူလဲ..။
"သမားတော်ဂျွန်..! မင်းကိုယ်တိုင်ထွက်ခဲ့မလား ကျုပ်တို့ဝင်လာရမလား..!!"
တပ်သားတစ်ယောက်ရဲ့ မာန်ပါပါအော်ဟစ်သံကြောင့် နားပါးသူဂျွန်ဂျောင်ဂု အိပ်နေရာမှလှုပ်လှုပ်ရှားရှားဖြစ်လာသည်။
"သမားတော်ဂျွန်! ဦးရီးတော်တစ်ယောက်လုံး ကြွချီလာတာကို ထွက်မကြိုတဲ့အပြင်စောင့်ဆိုင်းခိုင်းနေတာ ပြစ်ဒဏ်သက်ရောက်ပါတယ်.!"
![](https://img.wattpad.com/cover/354065484-288-k175578.jpg)
YOU ARE READING
နာမ်
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook