-Unicode-
သမားတော်လေးရဲ့ လက်ကောက်၀တ်ကသွေးကြောကိုစမ်းကြည့်လိုက် နှာတံလုံးလုံးလေးနား လက်ချောင်းတိုးကပ်ကာ အသက်ရှူနှုန်းစမ်းလိုက်ပြန် လုပ်နေတဲ့ ဂျောင်ဟိုဆော့ရဲ့အပြုအမူတွေအား ဝင်မတားသော်ငြား မကြည်ဖြူတဲ့မျက်နှာထားနဲ့ကင်မ်ထယ်ယောင်းက ဘေးတွင်ရပ်ကြည့်နေသည်။
ဒဏ်ရာဒဏ်ချက်တွေကို အားသုံးစရာမလိုဘဲနဲ့တောင် ကုသပေးနိုင်တဲ့သူ့စွမ်းအင်တွေက အခုဘယ်လိုနည်းသုံးသုံး ဂျွန်ဂျောင်ဂုကိုနိုးထလာအောင်လုပ်ဖို့မစွမ်းနိုင်ဖြစ်နေခဲ့တော့ တစ်ဟုန်ထိုးထွက်လာတဲ့ဒေါသအမျက်ကို မြိုသိပ်ရင်း မယ်တော့်ရဲ့သစ္စာခံကို သွားခေါ်ဖို့သာ ဆုံးဖြတ်ချက်ချခဲ့သည်။ မယ်တော်ပြောပြလာတဲ့ သစ္စာခံ(3)ဦးအနက် လတ်တလောသူ့အတွက်အသုံးဝင်မဲ့သူဟာ အဆိပ်ဘုရင်ဂုဏ်ပုဒ်နဲ့ ဂျောင်ဟိုဆော့။ အဆိပ်ပညာကဆေးပညာနဲ့နည်းတူ စာပေအများအပြားလေ့လာရတာကြောင့် မနိုးထလာနိုင်သေးတဲ့ဂျွန့်အတွက် ဒီလူကအဖြေတစ်ခုပေးနိုင်လိမ့်မယ်ဆိုတဲ့ ထင်ကြေးကမှန်ကန်နေဖို့ မျှော်လင့်ချက်ဟာ ဒီမိစ္ဆာရင်ထဲတိတ်တိတ်ကလေး။
"သူ အဆိပ်မိနေတယ်"
"အဆိပ်..? "
သူနားမလည်တော့။ ဂျွန်ဂျောင်ဂုက ဒီကောင်အသိစိတ်လွတ်ပြီး ရက်ရက်စက်စက်ပြုမူမိခဲ့တာကြောင့် နာကျင်ပြီးမေ့မျောသွားခဲ့တာမဟုတ်လေလား။ ဘယ်နေရာမှာ ဘာအဆိပ်က ဘယ်လိုနည်းနဲ့ ဂျွန်ဂျောင်ဂုအပေါ်သက်ရောက်သွားခဲ့ရတာလဲ။
"အွန်း အဆိပ်..တော်တော်ပြင်းတဲ့အဆိပ်မိနေတာ
ဂျွန်ဂျောင်ဂုနဲ့တစ်ချိန်လုံးအတူရှိနေခဲ့ကြတာဖြစ်လို့ အဆိပ်မိနေတယ်ဆိုတဲ့ အဖြေက ကင်မ်ထယ်ယောင်းအတွက် သံသယဖြစ်စရာကောင်းလွန်းနေကာ အကြည့်ပြင်းပြင်းတစ်ချက်က ဂျောင်သခင်လေးထံ။ အဆိပ်ဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဒီလူကလွဲရင် ကျန်တာအဆိပ်နဲ့ပတ်သက်တာမရှိ။
"အိမ်ရှေ့စံ ကျွန်တော်မျိုးကိုအဲ့လိုကြီးမကြည့်ပါနဲ့။ ကျွန်တော်မျိုးခန္ဓာကိုယ်မှာ အဆိပ်နဲ့တူတာဘာတစ်ခုမှသယ်မလာခဲ့ဘူး။"
![](https://img.wattpad.com/cover/354065484-288-k175578.jpg)
YOU ARE READING
နာမ်
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook