-5-

441 86 16
                                    

-Unicode-

"Jeon Jungkook  ! "

"Taehyung ahh ငါ့အသက်ကမင်းထက် နှစ်ပေါင်းနှစ်ဆယ်ကျော်တောင် ကြီးတယ်နော် နည်းနည်းပါးပါးရိုရိုသေသေခေါ်လို့မရဘူးလား..ဟမ်"

မျက်နှာလွှားခမောက်ဆောင်းထားဆဲ ထယ်ယောင်းရဲ့ပုခုံးပေါ်လက်လာတင်ကာ အကြီးကိုရိုသေရခြင်းအကြောင်း ဆုံးမနေတဲ့သမားတော်လေးတို့သည် နန်းကျမိဖုရားပြစ်ဒဏ်ခံယူရာတောင်မှအပြန် ဒုတိယခြေလှမ်းအတွက်စည်ကားလှတဲ့ဟေရိုလာရဲ့မြို့တော်အလယ်ကိုရောက်နေကြတာဖြစ်ပြီး သေရည်ဆိုင်တစ်ခုရှေ့မှာ တည်ရှိနေခြင်း။

"ကျုပ် ဒါကြီးဖြုတ်ထားလို့ရပြီလား။ မွန်းကြပ်လို့သေတော့မယ်"

ခေါင်းပေါ်ကခမောက်ကို လက်ညိုးထိုးပြီးညီးညီးညူညူပြောလာတဲ့ မိစ္ဆာလေးမဟုတ်တော့တဲ့ မိစ္ဆာအကောင်ကြီးရဲ့အပြုအမူကို သဘောကျသွားတဲ့သမားတော်ဟာ ယုန်သွားကြီးကြီးတွေပေါ်ကာ ပါးပြင်တွေမို့တက်တဲ့အထိ ပြုံးမိကာ ခေါင်းငြိမ့်ပြသည်။

"ဟီး..ရပြီ ရပြီ ဖြုတ်လိုက်တော့။ လာ ငါကူပေးမယ်"

ဒီရက်ပိုင်း ထယ်ယောင်းပင်ပင်ပန်းပန်းကျင့်ကြံပေမဲ့ တိုးတက်မလာခဲ့တဲ့ အတွင်းအားတွေသည် နန်းကျမိဖုရားနဲ့တွေ့ပြီးသည်နှင့် တစ်ဟုန်ထိုးရရှိလာတဲ့အပြင် အိမ်ရှေ့စံနဲ့မိဖုရားခေါင် သားနဲ့မိခင်ကြား ဆက်ဆံရေးဟာလည်းမဆိုးလှတာမို့ ဂျွန်ဂျောင်ဂုတို့ ကင်မ်ထယ်ယောင်းကိုယ်စားပျော်ပေးနေမိတာအတိုင်းထက်အလွန်ဘဲ။ ဒီအချိန်ဟာ သေရည်သောက်ဖို့အကောင်းဆုံးအချိန်ဖြစ်တဲ့အပြင် ကင်မ်ထယ်ယောင်းနန်းတွင်းဝင်ရောက်ဖို့ ဒုတိယခြေလှမ်းမစတင်ခင် အားဖြည့်ဖို့လိုအပ်တယ်မဟုတ်လား။

ကြိုးဖြည်ပေးပြီးသည်နှင့် ထယ်ယောင်းခေါင်းပေါ်ကခမောက်အား ယူလိုက်သည့်အခိုက်တွင်

"ထယ်ယောင်း ဒီနေ့မင်းကိုဂုဏ်ပြုတဲ့အနေနဲ့ ငါတို့သေရည်ကောင်းကောင်းသောက်ကြရင်ဘယ်လို...အေ ဒါကဘယ်ကနေပေါ်လာတာလဲ"

အကာကွယ်ဖယ်ချလိုက်သည်နှင့် ပေါ်လာတဲ့ အပြစ်အနာအစာမရှိတဲ့ကင်မ်ထယ်ယောင်းရဲ့မျက်နှာကို အထူးအဆန်းတစ်ခုလိုစူးစိုက်ကြည့်ကာ သမားတော်ခေါင်းစားရသည်။ အိမ်မှာထယ်ယောင်းကို သူကိုယ်တိုင်ခမောက်ဆောင်းပေးခဲ့တာပါ အဲ့တုန်းကအခုလို မျက်ခုံးတန်းနှစ်သွယ်ကြားဗဟိုနေရာမှာ အနီရောင်ကနုတ်ရှိမနေခဲ့ အခုက..

နာမ်Where stories live. Discover now