Unicode
ဘာလိုလိုနဲ့ Luther တစ်ယောက် ဒီကမ္ဘာကိုရောက်တာ ၁ပတ်ပြည့်သွားလေပြီ။ ဇာတ်ကားကလဲ အတော်အသင့်တော့ပြီးသွားပေမဲ့ အပိုင်းဆက်ဇာတ်ကားဖြစ်တာကြောင့် အချိန်တစ်ခုထိတော့ ပြီးမယ်မထင်။
ရိုက်ကွင်းကလူတွောလဲ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးနေကြလေပြီ။ ရင်းနှီးတယ်ဆိုတာထက် ပိုနေတာကတော့ ဒါရိုက်တာနဲ့ မင်းသမီးပေါ့။ Alice တစ်ယောက်ကတော့ ထူးဆန်းနေတယ် အခုထိဘာလှုပ်ရှားမှုမှ မပြင်ဆင်သေးပေ။ သူ(Alice) ဘာမှမလုပ်တာလဲ တစ်မျိုးကောင်းပါတယ် သူ့(Luther) အတွက်အနားယူလို့ကောင်းတာပေါ့။
" Luther "
သူစဥ်းစားနေတုံး Alice ကသူ့ကိုခေါ်လာသည်။" ပြောလေ "
" ဟိုလေ ငါ့ကိုတစ်ခုလောက်ကူညီပါလား "
" ဘာကူညီပေးရမလဲ ပြောလေ "
" အဲ့တာက.. "
" Boo ဘာလုပ်နေတာလဲ ကိုယ်လိုက်ရှာနေတာ" Alice စကားမဆုံံးခင် James ကရောက်လာသည်။
" ဘာလို့လဲ အရေးကြီးလို့လား Darling "
" ကိုယ် Ent ကိုပြန်သွားရမယ် "
" ထပ်ပြီးတော့လား နေ့တိုင်း Ent ကိုသွားရတာနော် Darling အလုပ်များနေတာဆိုလဲ Boo နောက်လိုက်မနေနဲ့ အလုပ်မှာပဲအာရုံစိုက်ပါ "
သူတကယ်ကို စိတ်တိုပါသည်။ ရိုက်ကွင်းစတဲ့နေ့ကစပြီး Ent ကိုနေ့တိုင်းသွားနေတာ ပြောတော့အလုပ်မရှိဘူးဆိုပြီး တစ်ခါတစ်ေလဆို သူ့ကိုတောင်လာမကြိုနိုင်အောင် အထိ အလုပ်ရှုပ်နေတာ။
" မဟုတ်ပါဘူး Boo ရယ် ကိုယ့်အလုပ်က တကယ်အရေးကြီးလို့ပါ "
James လဲ စိတ်ဆိုးနေတဲ့သူ့ကလေးကို ဘယ်လိုပြန်ချော့ရမယ်မသိတော့။ သူကလဲ သူ့အပြစ်နဲ့သူမလို့ ဘာဆင်ခြေမှထပ်မပေးနိုင်။
" Alice ကျွန်တော်တို့ တခြားနေရာမှာ စကားသွားပြောရအောင် "" အာ ဟုတ်ကဲ့ "
" Boo ခဏလေး Boo "
James ဘယ်လိုခေါ်ခေါ် Luther ကတော့လှည့်ပင်မကြည့်တော့ပဲ Alice နဲ့အတူထွက်သွားတော့သည်။" အဆင်ပြေရဲ့လား Luther "
" ဟင် ပြေပါတယ် မင်းအကူညီတောင်းမယ်ဆိုတာက "
YOU ARE READING
ဗီလိန်အားကယ်တင်ခြင်း ( System ) (Complete)
Fantasyအကောင့်ဟောင်းထဲ ပြန်ဝင်မရတော့လို့ ဒီအကောင့်လေးမှာပဲ အစကနေအဆုံးထိတင်ပေးပါတော့မယ်နော် ( စာပြင်ထားပါတယ် )