အခန်း ၁၅၆

1.4K 232 1
                                    

အပိုင်း (၁၅၆) ပိတ်ဆို့နေသော မိလ္လာပိုက်

အခုအချိန်တွင် ကျန်းလော့သည် လုံးဝခုခံနိုင်စွမ်းမရှိနေပေ။ ထို့အပြင် သာမန်လူသားတစ်ယောက်သာ ဤကဲ့သို့ ကပ်ဘေးမျိုးနှင့် ကြုံရလျှင် အခန်းအပြင်ဘက်သို့ ထွက်ပြေးကြမည်ဖြစ်သည်။ သူသည် တံခါးဘက်သို့ လှည့်ကြည့်လိုက်သည်။ တံခါးအပြင်ဘက်မှသူသည် သူ့အတွေးကို သိနေပုံရကာ တံခါးခေါက်ခြင်းကို ရပ်လိုက်ပြီး ထွက်သွားဟန်ဆောင်လာသည်။

သို့သော် အပြင်ဘက်မှ တိတ်ဆိတ်မှုသည် သူ့အတွက်ထောင်ထားသော ထောင်ချောက်မှန်း ကျန်းလော့သိသည်။ ထို့နောက် သူသည် သတိကြီးကြီးထားလျက် တံခါးဆီသို့ လျှောက်သွားလိုက်ပြီး ချောင်းကြည့်ပေါက်မှ ချောင်းကြည့်လိုက်ပြန်သည်။

အပြင်ဘက်တွင် မှောင်မည်းနေတုန်းပင် ဖြစ်သည်။ ဒီလောက်ထိ အခန်းထဲမှ ဖုန်းမြည်သံအကျယ်ကြီးကြားနေရတာတောင် အပြင်ဘက် ကော်ရစ်တာမှ အသံတုံ့ပြန်ခြင်းမီးလုံးများ တစ်လုံးမှ ပွင့်မလာပေ။

'ဒီလောက်မှောင်မနေသင့်ဘူး'

ကျန်းလော့သည် တံခါးနားမှ ထွက်လာပြီး တံခါးနင့် အိပ်ရာကြားတွင် ရပ်နေလိုက်သည်။

တံခါးအပြင်ဘက်တွင် အန္တာရာယ်ရှိနေပြီး ကုတင်အောက်တွင်လည်း အန္တာရာယ်တစ်ခုရှိနေသေးသည်။ သို့သော် ကုတင်အောက်မှ အန္တာရာယ်သည် ကျန်းလော့ကို တံခါးဖွင့်ဖို့သာ ဖိအားပေးနေပြီး တံခါးအပြင်ဘက်မှအရာကသာ ပို၍ ကြောက်စရာကောင်းကြောင်း သိနိုင်သည်။

ကျန်းလော့သည် အပြင်ထွက်ဖို့ အစီအစဉ်မရှိနေပေ။ သူနံရံပေါ်မှ နာရီကို ကြည့်လိုက်သောအခါ ငါးနာရီဆယ့်သုံးမိနစ် ရှိနေပြီဖြစ်ပြီး သူ့ခင်ပွန်းဆိုသူ ပြန်လာရန် လေးဆယ့်ခုနှစ်မိနစ်သာ လိုတော့သည်။

သို့သော် သူ့ခင်ပွန်းသည် သရဲလား လူလား

ကျန်းလော့သည် သန့်စင်ခန်းဘက်သို့ကြည့်၍ သန့်စင်ခန်းထဲ ခနလောက် ဝင်ပုန်းရန် စဉ်းစားလိုက်သည်။ သို့သော် သန့်စင်ခန်းဘက်သို့ ကြည့်လိုက်ချိန်တွင် ကွဲနေသော မှန်တွင် သေးငယ်သော အနက်ရောင်အစက်လေး တစ်စက်ကို မြင်လိုက်ရသည်။ ဖျော့တော့သော အလင်းရောင်ကြောင့် မှန်ထဲပေါ်မှ အစက်အပြောက်သည် မှန်ထဲတွင် တစ်ခုခု ရှိနေသလို ထင်ရသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now