Part 213.1

451 80 0
                                    


အပိုင်း (၂၁၃) ကံကြမ္မာယုံသူထံမှ နှစ်သစ်ကူး နှုတ်ဆက်ခြင်း (၁)

မည်သို့ပင် ဖြစ်စေ ဝမ်ယမ်လန်နှင့် ကောကျူတို့်သည် ကျန်းလော့၏ စိတ်အခြေအနေကို မရိပ်မိကြကာ သူတို့သည် မနက်ပိုင်းတွင် ခနလောက်ပြန်သွားကြပြီး နေ့လည်တွင်ပြန်ရောက်လာကြကာ ညအထိ တံခါးရှေ့လာလိုက် ပြန်လှည့်လိုက် လုပ်နေကြသည်။

လုယုံရိနှင့် ယယ်ရွှင်တို့သည် ကံကြမ္မာယုံသူက ထောင်ချောက်ဖြစ်ကြောင်း မရိပ်မိစေရန် ကျို့ခန်းဘုရားကျောင်းက လွန်ခဲ့သော ရက်အနည်းငယ်ကပင် ထွက်သွားခဲ့ကြသည်။

စ်ုင်လောင်အာသည် ပြတင်းပေါက်နားမှ ပြန်ရောက်လာကာ

"ကျန်း သူတို့သွားလိုက်ပြီ အခု ငါနဲ့ မင်းပဲ ရှိတော့တယ်"

ကျန်းလော့သည် မေးထောက်လိုက်ပြီး ပျင်းရိစွာဖြင့်

"အွန်း ငါတို့နှစ်ယောက်ပဲ ရှိတော့တယ်"

စိုင်လောင်အာသည် ညနေခင်းတွင် လုပ်နေကျအလုပ်ကို လုပ်ရသောကြောင့် သူသည် စောတုန်း အိပ်ရသည်ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားကာ ယခုလည်း အိပ်ရာဆီသို့ သွား၍ အိပ်ပြီဖြစ်သည်။

ကျန်းလော့ကတော့ မအိပ်နိုင်ပေ။ ထို့ကြောင့် ကောဝူချန်ကို နှိပ်စက်သည့်ဘက်သို့ အာရုံရောက်သွားသည်။ အထူးသဖြင့် သူ့အစကားနားမထောင်ဘဲ နေရဲသောအခါ ကျန်းလော့ကို သွားဆွသလို ဖြစ်သွားဟန်တူသည်။

သို့သော် သိပ်မကြာလိုက်သော အချိန်ခနလေးအတွင်းတွင် တစ်စုံတစ်ယောက်သည် ကျန်းလော့၏ ဝေ့ရှင်းကို ဖရန့်လာအပ်လေသည်။ ကျန်းလော့ လက်မခံရသေးခင်မှာပင် ထိုဝေ့ရှင်းသူငယ်ချင်းလေးသည် အလိုလျောက်လက်ခံပြီး ဖြစ်သွားလေသည်။

ကျန်းလော့သည် မျက်ခုံးပင့်လိုက်ပြီး နှစ်ကြိမ်လောက် နှာခေါင်းရှုံ့လိုက်ကာ ထိုသူငယ်ချင်းက မည်သူမှန်း သိသွားတော့သည်။ ပိုသေချာသွားသည်မှာ တစ်ဖက်မှ သူ့ကို မက်ဆေ့ချ်တစ်စောင် ပို့လာသောကြောင့် ဖြစ်သည်။

[ထန်ပိရဲ့ သေဆုံးနေ့ရက် မင်းကို ပေးမယ် ဒီည ကိုယ်နဲ့တွေ့ရအောင် ထွက်ခဲ့]

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now