အပိုင်း (၂၂၀) စစ်ပွဲအကြိုကာလ (၂)
မနက်စောစောတွင် ဖုန်းလီသည် စာကြည့်ခန်းထဲတွင် စာအုပ်တစ်အုပ်ကို စိတ်ဝင်စားစွာ ဖတ်နေခဲ့သည်။
ကျိယောင်ဇီသည် စာကြည့်ခန်းထဲသို့ ဝင်လာပြီး တံခါးကို ပိတ်လိုက်ကာ စိတ်မရှည်စွာ မေးလိုက်သည်။
"ဖုန်းလီ မင်းအမေက ဘယ်သူလဲ"
မိဘများအကြောင်းသည် ဖုန်းလီမပြောပြနိုင်သော တားမြစ်အကြောင်းအရာများဖြစ်သည်။ ဖုန်းလီ၏ မျက်နှာသည် မည်းမှောင်သွားပြီး ဒေါသကို ထိန်းလိုက်ကာ
"ဒါ မင်းမေးသင့်တဲ့ မေးခွန်းမဟုတ်ဘူး"
ကျိယောင်ဇီသည် တွန့်ဆုတ်စွာဖြင့် ရှင်းပြလိုက်သည်။
"ငါပြောတာကို နားထောင်ဦး ငါတို့ မွေးဖွားမှုနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ မှားနေသလို ခံစားနေရတယ် ကံကြမ္မာယုံသူက မနေ့ကတော်တော် မူပျက်နေတယ် ပြီးတော့ သူ့ရဲ့ မူပျက်နေတာက ငါတို့ရဲ့ မွေးဖွားမှုနဲ့ ဆိုင်တယ်လို့ ခံစားနေရတယ်"
ဖုန်းလီ၏ မျက်လုံးများ မှေးကျဉ်းသွားပြီး အကြာကြီး တွေးနေပြီးမှ မေးလိုက်သည်။
"သူနဲ့ ပတ်သက်ပြီး ဘာမှားနေလို့လဲ"
ကျိယောင်ဇီသည် ခနလောက် တွန့်ဆုတ်သွားပြီးမှ ကံကြမ္မာယုံသူ သူ့ဟောကိန်းကို ပြောင်းလဲပြီး လူများကို ပြောခဲ့သည်မှ စ၍ အားလုံး ပြောပြလိုက်သည်။ သူသည် ဖုန်းလီကို မည်သည့် စကားလုံးက ထိသွားစေသည်ကို မသိပေ။ ကျိယာင်ဇီသည် ဖုန်းလီ၏ မျက်လုံးများ မီးခိုးရောင်ပြောင်းသွားပြီး နက်မှောင်လာသည်ကို သတိမထားမိလိုက်ပေ။
သူ့မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ပေါ်ထွက်လာပြီး သိပ်မကြာလိုက်ပေ မည်သူမှ သတိမထားမိခင် ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
ရုတ်တရက် ဖုန်းလီ ထရပ်လိုက်သည်။
ကျိယောင်ဇီ၏ နောက်ထပ် ပြောမည့် စကားလုံးများသည် ရုတ်ချည်း ရပ်တန့်သွားတော့သည်။
"မင်း ဘာမှားနေလို့လဲ"
ဖုန်းလီသည် သူ့နားသို့ လျှောက်လာပြီး အခန်းထဲမှ လျှောက်ထွက်သွားကာ တောက်လျှောက်လှေကားမှ ဆင်းချသွားသည်။ ကျိယောင်ဇီသည် သူ့ကို မှီအောင် အမြန်လိုက်ကာ
YOU ARE READING
ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)
Horrorဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။