Part 217

701 104 1
                                    


အပိုင်း (၂၁၇) ကိုယ် မင်းကို ဘယ်တော့မှ လွတ်ချထားခဲ့မှာ မဟုတ်ဘူး

လူတစ်ယောက်၏ အကြောက်ဆုံးအရာသည် မျှော်လင့်ချက်ကို ဘယ်သောအခါမှ မမြင်ရတော့မည်ကို မဟုတ်ဘဲ မြင်ရပြီးသား မျှော်လင့်ချက်က ပြန်ပျောက်ကွယ်သွားမှာကို အကြောက်ဆုံးသာ ဖြစ်သည်။

နတ်ဘုရားအစစ်တစ်ပါးကို မြင်ရပြီးဖြစ်သော ကံကြမ္မာယုံသူသည် နောက်ထပ် နှစ်ပေါင်းနှစ်ရာ ထပ်စောင့်နိုင်မှာ မဟုတ်ပေ။

နေ့စဉ်နေ့တိုင်း ဘုရားကျောင်းဆောင်သို့ လာပြီး နတ်ဘုရားပြန်လာမည့်အချိန်ကို စောင့်မျှော်နေကာ နတ်ဘုရားပြောခဲ့သော စကားများကို ပြန်တွေးကြည့်ကာ သုံးသပ်ကြည့်နေခဲ့သည်။ ထိုသို့ လုပ်နေရင်း အချိန်များကုန်လာပြီးနောက် ကံကြမ္မာယုံသူသည် စတင်ပြီး မတည်မငြိမ်ဖြစ်လာတော့သည်။

ကံကြမ္မာယုံသူ၏ တစ်ခုတည်းသော အစွဲအလမ်းမှာ နတ်ဘုရားဖြစ်လာရန်ဖြစ်ပြီး ချီယုံက သူ့ကို နတ်ဘုရားမဖြစ်လာစေရန် သတ်မည်ဖြစ်သောကြောင့်သာ သူက ချီယုံကို သတ်ချင်ရခြင်း ဖြစ်သည်။

သူသည် အတုအယောင်နတ်ဘုရားတစ်ပါးဖြစ်နေခြင်းကြောင့် မော်ကြွားခြင်းကို တကယ်တမ်း လုံးဝ ဂရုမစိုက်ပေ။ နတ်ဘုရားဖြစ်သွားသော ရှေးတုန်းက လူများသည်လည်း အားလုံး ဂုဏ်သိက္ခာကောင်းရှိပြီး နာမည်ကောင်းသာ ရှိကြသည်ချည်းပင်။

သို့သော် နတ်ဘုရားအစစ်ပြောသွားသော စကားများတွင် သူငြင်းမရအောင် မှန်နေသည့်အရာ တစ်ခုတော့ ရှိနေသေးသည်။

သူသည် တစ်လောကလုံးကို လိမ်ညာခဲ့ပြီး ဤသည်မှာ သူ့အမှားအားလုံး၏ အစဖြစ်သည်။ သူသာ သူ့အမှားများကို ခေါင်းမာမာနှင့် ဆက်၍ ဝန်မခံပဲ နေမည်ဆိုလျှင် နတ်ဘုရားတစ်ပါး လုံးဝ မဖြစ်လာနိုင်တော့ဖို့ များသည်။

အကယ်၍ ချီယုံသာ သူ့ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့ဘူးဆိုပါလျှင် ကံကြမ္မာယုံသူသည် အမှားဝန်ခံရန် လုံးဝလက်ခံပြီး စဉ်းစားမိမှာ မဟုတ်ပေ။

သို့သော် ယခုတွင် သူ့ကို သတ်နိုင်သော တစ်ဦးတည်းသောသူသည် သေသည့်သူကသေ မသေသူက ဒဏ်ရာအပြင်းအထန် ရသွားပြီဖြစ်ပြီး သူတို့လှည့်စားခံရသည်ကို တခြားသူများ သိသွားလျှင်လည်း ကံကြမ္မာယုံသူကို ဘာမှ လုပ်နိုင်ကြမှာ မဟုတ်ပေ။။ တစ်စုံတစ်ယောက်၏ အပြစ်ကို ဝန်ခံလိုက်ခြင်းဖြင့် နတ်ဘုရားတစ်ပါး ဖြစ်လာမည်ဆိုခြင်းမှာ လုံးဝ လက်ခံနိုင်စရာ မရှိပေ။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now