Part 223

198 45 6
                                    


အပိုင်း (၂၂၃) တိုက်ပွဲပြီးသွားလေပြီ

ကံကြမ္မာယုံသူသည် ကျန်းလော့ ထွက်သွားမည့်အချိန်ကို အေးဆေးစွာ စောင့်ဆိုင်းနေသည်။

သို့သော် စက္ကန့်အနည်းငယ် ကြာသွားပြီးသောအခါ ဘာမှ ဖြစ်မလာခဲ့ပေ။ ထိုအစကား ကျန်းလော့က မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး သူ့လက်မောင်းကို ဆွဲဆုပ်လိုက်ကာ ကံကြမ္မာယုံသူကို ထွက်ပြေးမရတော့အောင် ဆွဲထားလိုက်သည်။

"ကံကြမ္မာယုံသူ"

သူသည် အံ့ဩရိပ်ဖျော့ဖျော့သမ်းနေပုံဖြင့် ပြောလိုက်သည်။

"ဘယ်လိုလုပ်ပြီး ကျွန်တော် ထွက်မသွားသေးရတာလဲ"

ကံကြမ္မာယုံသူသည် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းငုံ့လိုက်သည်။ သူဖျက်လိုက်သော ကျန်းလော့၏ ဘယ်ဖက်လက်ပေါ်မှ မှဲ့နီသည် ကျန်းလော့ နှစ်ယောက်ကြားမှ ဆက်နွယ်မှုဖြစ်သည်။

သို့သော် ကျန်းလော့က ဆက်နွယ်မှု ပြတ်တောက်သွားသည်ကိုပင် အဘယ့်ကြောင့် ထွက်မသွားရသနည်း။

ကံကြမ္မာယုံသူ၏ မျက်ဝန်းထဲတွင် သံသယအချို့ လင်းလက်လာသည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ့ရင်ဘက်မှ စူးရှသော နာကျင်တစ်မှုတစ်ရပ် ထိုးထွက်လာပြီး သူ၏ သံသယတို့ကို ဝင်ရောက် နှောက်ယှက်လာလေသည်။ ဖြူဖျော့ရှည်သွယ်သော တစ္ဆေလက်တစ်ဖက်သည် ကံကြမ္မာယုံသူ၏ ရင်ဘက်ထဲသို့ ဖောက်ဝင်သွားပြီး တစ္ဆေလက်သည် ကံကြမ္မာယုံသူ၏ သွေးများကြောင့် အရိုးများသာ ကျန်အောင် တိုက်စားခံလိုက်ရသည်။

အေးစက်သော အရှိန်အဝါတစ်ခုသည် နောက်ဘက်မှ တိုးထွက်လာပြီး မကောင်းဆိုးဝါးသည် ကံကြမ္မာယုံသူ၏ နောက်တွင် အမူအယာမဲ့စွာဖြင့် ရပ်နေလေသည်။ သူ့မျက်နှာပေါ်သို့ မှုန်မှိုင်းသော အရိပ်တို့ ဖြတ်ပြေးနေပြီး ရေခဲတမျှ အေးစက်သော အသံဖြင့်

"မင်းက ဘယ်သူ့ကို မောင်းထုတ်နေတာလဲ ကံကြမ္မာယုံသူ"

မကောင်းဆိုးဝါး၏ တစ္ဆေစွမ်းအားတို့သည် ကြောက်မက်ဖွယ်အလွန်ကောင်းနေပြီး အရာအားလုံးကို ဝါးမျိုတော့မတတ် ပြင်းပြသော အရှိန်အဝါကို ထုတ်လွတ်နေသည်။ ကံကြမ္မာယုံသူ ပါးစပ်ဟလိုက်ရာ သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။ သွေးတစ်စက်ချင်းစီတိုင်းသည် မကောင်းဆိုးဝါး၏ လက်ပေါ်သို့ ကျရောက်သွားပြီး မကောင်းဆိုးဝါး၏ လက်မှအဖြူရောင် မီးခိုးများ ထွက်လာတော့သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Wo Geschichten leben. Entdecke jetzt