အပိုင်း (၂၁၉) သေတွင်းထဲ ခြေတစ်ဖက် ကျနေသော ကံကြမ္မာယုံသူ (၁)
ပုံမှန်လုပ်နေကျအတိုင်းပင် ကံကြမ္မာယုံသူသည် နတ်ဘုရားအစစ် စံမြန်းရာ ကျောင်းဆောင်အတွင်းခြေချလိုက်သည်နှင့် ကျောင်းဆောင်လွတ်ကြီးသည် ပြန်လည် လင်းလက်တောက်ပလာပြီး အမွှေးနံ့သာများထုံမွန်းနေသည်ကို တွေ့လိုက်ရသည်။
သူသည် အေးခဲသွားပြီးနောက် မျက်လုံးများ တောက်လာသည်။ လျင်မြန်စွာဖြင့် တံခါးရှေ့သို့ ပြေးသွားပြီး ငုံ့ကိုင်း၍ အရိုအသေပေးလိုက်ကာ
"စီနီယာ ပြန်ရောက်လာတာပါလား"
နတ်ဘုရားအစစ်၏ အဝေးမှလာကာ မြူကဲ့သို့ ဝိုးတဝါးအသံသည် ဖျော့တော့သော အသံဖြင့် တုံ့ပြန်လိုက်သည်။
"ဟမ်း"
ကံကြမ္မာယုံသူသည် အခုမှ အလုံးကြီးကျသွားပြီး ပြုံးနိုင်တော့ကာ နတ်ဘုရားအစစ်ထွက်သွားပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို လုံးစေ့ပတ်စေ့ ပြန်ပြောပြတော့သည်။ ထိုကိစ္စသေးသေးလေးများ ပြောပြီးသွားနောက် ကံကြမ္မာယုံသူသည် စကားလမ်းကြောင်းပြောင်းလိုက်ပြီး သက်ပြင်းချလိုက်သည်။
"စီနီယာ မရှိတဲ့ လဝက်အတွင်း ဂျူနီယာက တစ်ချို့ကိစ္စလေးတွေကို မြင်နိုင်အောင် သေချာတွေးကြည့်ခဲ့ပြီးပါပြီ"
နတ်ဘုရားအစစ်သည် မထူးခြားသော အသံဖြင့်
"အို"
"သင် ကျွန်တော့်ကို ပြောခဲ့တာတွေ အားလုံးက မှန်ပါတယ် ပြီးတော့ ကျွန်တော် ကျွန်တော့်ရဲ့ အမှားတွေကနေ သင်ယူပြီး ကျွန်တော် လိမ်ညာခဲ့တဲ့သူတွေကို အမှားဝန်ခံလိုက်ပါတော့မယ်"
ကံကြမ္မာယုံသူက ပြောသည်။
"ပြီးတော့ ကျွန်တော့်အမှားတွေ အတွက် ပြန်ပေးဆပ်ပြီးသွားရင် ကျွန်တော့်ကို စီနီယာက ဆက်ပြီး လမ်းညွှန်ပေးဖို့ တောင်းဆိုပါရစေ"
ကျန်းလော့က အေးဆေးစွာ ပြောသည်။
"တကယ်လို့ မင်းသာ တကယ့် စိတ်ရင်းအမှန်နဲ့ ပြောင်းလဲမယ်ဆိုရင် ကျုပ်က မင်းကို သေချာပေါက် ကူညီပေးမှာပါ"
YOU ARE READING
ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)
Horrorဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။