အပိုင်း (၂၂၁) လွတ်မြောက်ခြင်း
နတ်ငယ် လျိုကျူသည် အခြားသော နတ်ငယ်များနှင့်အတူ ကျို့ခန်းဘုရားကျောင်းတစ်ဝိုက်တွင် ကင်းစောင့် လှည့်လည်နေကာ ကံကြမ္မာယုံသူ ဆင့်ခေါ်လျှင် ချက်ချင်း ပြေးသွားနိုင်ရန် နတ်ငယ်အားလုံးသည် သတိကပ်၍ အသင့်အနေအထားဖြင့် စောင့်နေကြသည်။
လျိုကျူသည် ကံကြမ္မာယုံသူ၏ လက်ရုံးသုံးယောက်ထဲတွင် တစ်ဦးတည်းသော အမျိုးသမီးနတ်ဖြစ်ပြီး တည်ငြိမ်သော်လည်း လက်ရဲဇာတ်ရဲရှိသော အမျိုးသမီးနတ်တစ်ပါးဖြစ်ကာ သူမ၏ လုပ်ဆောင်ချက် ရပ်တည်ချက်အားလုံးတွင် ကံကြမ္မာယုံသူ၏ ဘေးကင်းမှုက ပထမဖြစ်သည်။
ကျို့ခန်းဘုရားကျောင်းရှေ့တွင် တိတ်ဆိတ်နေပြီး တောထဲတွင်လည်း အလွန်တိတ်ဆိတ်နေကာ ကျေးငှက်သံများသာ ကြားရလေသည်။
လျိုကျူသည် သစ်ပင်တစ်ပင်တွင် မှီ၍ ကျို့ခန်းဘုရားကျောင်းကိုသာ စိုက်ကြည့်နေလေသည်။ လေဖြတ်တိုက်သွားသောအခါ သူမနှာခေါင်းဝတွင် ရုတ်တရက် မီးလောင်ကျွမ်းနေသလို အနံ့တစ်မျိုး ရလိုက်လေသည်။
လျိုကျူသည် အနံ့ရှိရာသို့ လိုက်သွားကြည့်ရန် ကိုယ်ကို ပြန်မတ်လိုက်ပြီး သူမနောက်သို့ လှည့်လိုက်သည်။
ခပ်ဖျောဖျော့ မီးခိုးရောင်အငွေ့များသည် အဝေးတစ်နေရာ တောအတွင်းမှ လွင့်တက်လာသည်။
'မီးလောင်နေတာလား'
လျိုကျူသည် သူမလက်အောက်မှ နတ်ငယ်တစ်ပါးကို စေလွတ်ပြီး ကြည့်ခိုင်းလိုက်သည်။ သူမနှင့် နတ်ငယ် တစ်ဖွဲ့ကတော့ ကျို့ခန်းဘုရားကျောင်းထဲသို့ သွား၍ တောင်တစ်ဝိုက် အပြောင်းအလဲကို ကံကြမ္မာယုံသူကို သတင်းပေးမည်ဖြစ်ပြီး တခြားအဖွဲ့တစ်ခုကတော့ မီးလောင်နေသည့် သံသယဖြစ်ဖွယ်နေရာသို့ သွားကြည့်မည် ဖြစ်သည်။
လူစုခွဲပြီးနောက် လျိုကျူသည် အချိန်မဖြုန်းဘဲ နတ်ငယ်တစ်ဖွဲ့ကို ဦးဆောင်၍ ကျို့ခန်းဘုရားကျောင်းအတွင်းသို့ ဦးတည်လိုက်သည်။
သို့သော် ကျို့ခန်းဘုရားကျောင်းနားသို့ ရောက်တော့မည့်အချိန်တွင် လျိုကျူသည် သူမခြေလှမ်းများကို ရပ်လိုက်ပြီး သူမနောက်မှ နတ်ငယ်များကိုလည်း ရပ်ခိုင်းလိုက်သည်။
YOU ARE READING
ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)
Horrorဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။