Part 213.2

619 102 0
                                    


အပိုင်း (၂၁၃) ကံကြမ္မာယုံသူထံမှ နှစ်သစ်ကူး နှုတ်ဆက်ခြင်း (၂)

ရေခဲမှုန်တချို့သည် မျက်တောင်ပေါ်တွင် ဖေးတင်နေကာ ရေခဲအလွှာပါးတစ်ခုလို ဖြစ်နေသည်။

ရေခဲဂူထဲတွင် အမိုးပေါ်မှ ရေခဲရေများ တစ်စက်စက်ကျနေကာ အောက်ခြေဂူကြမ်းပြင်တွင် ရေခဲထုတစ်ခု ဖြစ်ပေါ်လာစေသည်။ ထို့အပြင် ဂူကြမ်းပြင်ပေါ်တွင် ရေတစ်ချို့အိုင်နေပြီး ထိုရေများထဲသို့ အမိုးပေါ်မှ ရေများ တစက်စက်ကျကာ လှိုင်းထသွားစေသည်။ ထိုသို့ပင် ကံကြမ္မာယုံသူ၏ နှလုံးသားသည်လည်း လှိုင်းထနေလေသည်။

ကံကြမ္မာယုံသူသည် အရာအားလုံး၏ အထက်တွင် မည်သူ၏ နှိုင်းယှဉ်မှုမှ ခံစရာမလိုသော နတ်ဘုရားတစ်ပါး ဖြစ်လာချင်သော လူဖြစ်သည်။

နှစ်ပေါင်းနှစ်ရာတိုင်အောင် နည်းလမ်းမျိုးစုံ သုံးခဲ့ပါသော်လည်း သူသည် နတ်ဘုရားတစ်ပါးဖြစ်လာရန် အမြဲလိုလို ခြေတစ်လှမ်းလိုနေသေးသည်။ ထို့အပြင် ကံကြမ္မာယုံသူ၏ ရှေ့တွင် ကောင်းကင်မှချမှတ်ထားသော စည်းတစ်ခုက ရှိနေသေးကာ သူ့ကို နတ်ဘုရားတစ်ပါးဖြစ်လာရန် ကန့်သတ်ထားသလိုပင်။

ထို့ကြောင့် ကံကြမ္မာယုံသူသည် ထိုစည်းကို သူဖြတ်ကျော်နိုင်ရန် မဖြစ်နိုင်သေးပေ။

နတ်ဘုရားတစ်ပါးဖြစ်လာနိုင်မည့် တစ်စုံတစ်ရာ ရှိနေသည်ဆိုလျှင် ကံကြမ္မာယုံသူသည် မည်မျှ အန္တာရာယ်များသည့် နေရာဖြစ်ပါစေ ရအောင်သွားပြီး ကြည့်တတ်ခဲ့သည်။

ဤကျို့ခန်းဘုရားကျောင်းခရီးစဉ်သည်လည်း သေချာသော ကိစ္စတစ်ခု ဖြစ်နိုင်သည်။

'ဒီအတိုင်း.........................'

ကံကြမ္မာယုံသူသည် သိမ်မွေ့စွာ သက်ပြင်းချလိုက်သည်။

နတ်စွမ်းအားတစ်ဝက်ကို ကျန်းလော့က စုပ်ယူသွားကတည်းက ကံကြမ္မာယုံသူသည် သူ၏ ကိုယ်ပိုင်အစစ်အမှန်ပုံစံဖြင့် လူများရှေ့သို့ ထွက်မလာခဲ့တော့တာ ဖြစ်သည်။

ဒီတစ်ကြိမ်ခရီးမှာ ကံကြမ္မာယုံသူကို တော်တော်ကြီး စွန့်စားသွားရမည့် ကိစ္စကြီးဖြစ်သည်။ ကံကြမ္မာယုံသူအနေဖြင့် အလွန်အားနည်းလာသောကြောင့် သာမက တစ်စုံတစ်ယောက်က မည်မျှ တန်ဖိုးကြီးကြီး ပေးဆပ်ရပါစေ ခက်ခဲပါစေ သူ့ကို ရအောင် စွန့်စားပြီး သတ်မှာဖြစ်သောကြောင့် ဖြစ်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now