အပိုင်း (၁၅၃) သုံးချောင်းထောက် အမွှေးအိုး
ကျန်းလော့ မျက်နှာပျက်သွားသည်။
သူသတ်ချင်တဲ့သူက အတုအယောင်နတ်ဘုရားတဲ့လား
နတ်ဘုရားနဲ့ အနီးကပ်ဆုံးသူတဲ့လား
"..........."
အချိန်ခနကြာပြီးနောက် သက်ပြင်းချလိုက်ပြီး ရှုံ့မဲ့နေသော မျက်နှာသည် ဖြေးဖြေးချင်း တည်တံ့လာသည်။
'ဒီတိုင်း အတုအယောင်နတ်ဘုရားလေးပဲ မဟုတ်ဘူးလား'
'ချီယုံ့လို မိစ္ဆာနတ်ဘုရား ခန္ဓာထဲမှာ ရှိနေတဲ့သူကိုတောင် ငါရင်ဆိုင်နိုင်သေးတာပဲကို ဒီတိုင်း နတ်ဘုရားအတုလေးလောက်ကတော့ ဘာလို့ကြောက်နေရမှာလဲ'
ကျိယောင်ဇီသည် မြန်မြန်ဆန်ဆန် တည်ငြိမ်သွားသော ကျန်းလော့ကို ကြည့်၍ အထင်ကြီးသွားသည်။ ကျန်းလော့သည် နားတစ်ဖက်မှာပန်ထားသော နားဆွဲကို လက်ချောင်းများဖြင့် တို့လိုက်ရင်း
"ဒီပစ္စည်းနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်လို့ သူမြင်နိုင်လား"
ကျိယောင်ဇီသည် ပြုံးလိုက်ပြီး အနည်းငယ်ဂုဏ်ယူဝံ့ကြွားစွာပြောသည်။
"ကံကြမ္မာယုံသူနဲ့ ယှဉ်နိုင်တဲ့ တစ်ခုတည်းသော အရာက လက်နက်တွေထုလုပ်တာပဲကွ"
ထိုစကားကြောင့် ကျန်းလော့သည် စိတ်ပေါ့သွားသည်။
ရေကန်ဘေးတွင် ကံကြမ္မာယုံကြည်သူနှင့် တစ်မနက်လုံး အခုမှမြင်ရသော ရိုးရာမပျက် ထန်ခေတ်ဝတ်စုံဝတ်ထားသည့် ဖုန်းလီလည်း ရှိနေသည်။ ကောင်းကင်သခင်၏ မျက်နှာသည် ပုံမှန်ထက်ပို၍ အေးစက်ခက်ထန်နေသည်။ သူ့မျက်လုံးများသည် ကျန်းလော့နှင့် ကျိယောင်ဇီကို စူးစူးစိုက်စိုက် ကြည့်နေပြီးနောက် အကြည့်လွှဲသွားသည်။
ကျိယောင်ဇီသည် ဖုန်းလီ၏အကြည့်ကြောင့် အနည်းငယ် ကြောင်တောင်တောင်ဖြစ်သွားသည်။
"မင်းဆရာက ဒီနေ့စိတ်အခြေအနေကောင်းပုံမရဘူးဟ သူ့ကိုကြည့်လိုက် မျက်နှာက ပုံမှန်ထက် ပိုတည်နေတယ်............."
ပြောပြီး ဖုန်းလီကို ပြန်လှည့်ကြည့်လိုက်ရာ တမိုးအောက် ကောင်းကင်သခင်ဖုန်း၏ မျက်နှာသည် ခုနကထက်တောင် ပိုအေးစက်နေသည်ကို မြင်လိုက်ရသည်။ ကျိယောင်ဇီ နှုတ်ခမ်းစေ့လိုက်ပြီး
YOU ARE READING
ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)
Horrorဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။