အခန်း၁(U/Z)

31.4K 437 1
                                    

(unicode)

"ဒီလင် ဒီမယား အိုအောင်မင်းအောင်ပေါင်းသင်းနိုင်ကြပါစေ ၊ မြေးမြစ်ရတဲ့အထိ အသက်ရှည်ပြီးအနာရောဂါကင်းရှင်းစွာနဲ့ နေရပါစေကွယ်"

နှစ်ဖက်မိဘတွေရဲ့ဆုတောင်းသံ မထွက်မှီ အကြီးကဲဖြစ်သူ အဖွား​ငွေဖောင်ရဲ့အသံကအရင်ဦးဆုံးထွက်လာလေသည်။ဆုပေးသံတွေမြိုင်နေပေမဲ့ သတို့သားနဲ့ သတို့သမီးရဲ့အသံကတော့ တိတ်ဆိတ်နေ၏။

လူကြီးတွေကတော့ မင်္ဂလာပွဲအထမြောက်သွားတဲ့အတွက် မျက်နှာတွေမှာတပြုံးပြုံးဖြစ်နေတော့ သည်။ နှစ်ဖက်မိဘအသိုင်းအဝိုင်း ပိုက်ဆံရှိကြသလိုတစ်ဦးတည်းသော သားနဲ့သမီးလေးမို့ လက်ထပ် မင်္ဂလာပြုခြင်းကို ဝမ်းမြောက် ဝမ်းသာရှိသည်။

"သမီးနဲ့သားအတွက် အိမ်ကိုတော့ နောက်နှစ်အခါမှဆောက်ပေးမယ်၊အခုတော့ အမေတို့အိမ်မှာခြောက်လ၊ဟိုဘက်အိမ်မှာခြောက်လ နေဖို့ပြောပါရစေ"

"ရပါတယ် မသီတာရယ်..ကျွန်မတို့တွေက တစ်မြို့တည်းသားချင်းတွေပဲ..ကလေးတွေ ဘယ်မှာနေနေ ကိစ္စမရှိပါဘူး၊ တွေ့ချင် ခဏလေးပဲဟာ"

"အဲ့ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ၊ နှစ်ဖက်စလုံး

 တစ်ဦးတည်းသောသားသမီးတွေဆိုတော့မျှမျှ

 တတပေါ့..မဥမ္မာရဲ့..."

"ဟုတ်ပါပြီရှင်..."

အမေနှစ်ယောက်က ရယ်ပြုံးပြီးပြောနေတော့

မြအနှစ်ကလည်း နှုတ်ခမ်းလေးကွေးအောင်လိုက်ပြုံးမိသည်။ မျက်လုံးထောင့်က ကိုကြီးရဲ့မျက်နှာကြီးကိုမြင်တော့ ရင်ထဲမောသွားရသည်။

သေချာကြည့်မိတာနဲ့ရှက်လို့ ကိုကြီးနဲ့မျက်လုံးချင်းမဆုံရဲပေ။ ခုနကလည်း မတည်မပြုံးကြီးစိုက်ကြည့်နေတော့ အနှစ်မှာလက်ဖျားလေးတွေအေးတဲ့အထိစိတ်လှုပ်ရှားရသည်။ ကိုကြီးရဲ့တည်ငြိမ်သောအသွင်အပြင်က သူမရဲ့မျက်လုံးထဲမှာအကြာကြီးကပ်ညှိတွယ်နေ၏။

ဒီမင်္ဂလာပွဲသည် လူငယ်ချင်း ချစ်ခင်စွဲလမ်း၍

ရွှေလမ်းငွေလမ်းဖောက်ပြီးကျင်းပသောပွဲမဟုတ်ပေ။လူကြီးတွေချင်း စကားလမ်းကြောင်း၍ သင့်တော်တယ်ထင်၍ ပေးစားကြတာဖြစ်သည်။

ချိုတမြမြ ရင်ခုန်တေး(completed)Where stories live. Discover now