"မြလေး..မိန်းမ...မင်း မလာသေးဘူးလား၊ဒီမှာ သမီးနှစ်ယောက်လုံး နို့ဆာနေပြီထင်တယ်၊ သမီးကြီးကလည်း ရှူးရှုးတွေထွက်နေတာထင်တယ်ကွာ "
"လာပြီ ကိုကြီးရဲ့၊ခဏလေး"
အနှစ်က အဝတ်လဲပြီး ထွက်လာသည်။မရမ်းရင့်ရောင်ဝမ်းဆက်လေးနဲ့ တစ်ကိုယ်လုံးဝင်းနှစ်နေသည့်အလှတရားနဲ့ တစ်သားမွေး၊တစ်သွေးလှဆိုသလို တစ်ကိုယ်လုံးတင်းပြည့်သွယ်လျနေ၏။
မနက်လင်းကတည်းက 'မြလေး'မိန်းမ..'ဆိုတာပါးစပ်ဖျားက မချဘဲအော်ခေါ်နေတဲ့ကိုကြီးကို
အနှစ် မျက်စောင်းလေးရွယ်လျက်...."ကလေးတွေက နည်းနည်းလေးအသံထွက်တာနဲ့အတင်းအော်ခေါ်တော့တာပဲ...ကိုကြီးနော်၊ တကယ်ပဲ...အဖြစ်သည်းဖေဖေကြီးသိလား"
အနှစ်က ပြောတော့ မင်းဗညားက ဆံပင်တွေသပ်၍ရယ်သည်။ သူက အဖြူ ရောင်စပို့ရှပ်လက်တိုနှင့် အနက်ကွက်စိပ်ချည်ချောပုဆိုးကိုဝတ်ထားပြီး၊ ကြည့်ကောင်းနေ၏။ မိန်းမပြောတာကို ပြန်မချေပအားသေးပဲ ဘော်ဒီနဲ့ကပ်နေသောဝတ်စုံနဲ့အချိုးကျနေသောသူမကိုလှမ်း
ကြည့်၍..."နို့တိုက်ရလွယ်အောင် တခြားအင်္ကျီဝတ်ပါလားကွာ၊ အင်္ကျီက ကျပ်သိပ်နေတာ မဟုတ်ဘူးလား"
"အနှစ်အမြဲဝတ်နေတာပဲလေ ကိုကြီးရဲ့၊ ပေး..
သမီး"သူ့လက်ထဲက သမီးငယ်လေးကိုယူချီပြီး အနှစ်က မှန်တင်ခုံမှာဝင်ထိုင်ကာ နို့တိုက်လိုက်သည်။သမီးရဲ့ဦးခေါင်းလေးကို လက်တဖက်နဲ့ထိန်း၍ ကျန်တဖက်နဲ့ မျက်ခုံးမွှေးဆွဲတံလှမ်းယူကာ သေချာဆွဲနေ၏။
"အဟွန်း...ဝါသနာကတော့ကွာ..."
နို့တိုင်ရင်း အလှပြင်နေသောသူမလေးကိုလှမ်းကြည့်၍ မင်းဗညားခပ်တိုးတိုးရယ်မောလိုက်သည်။
"ကိုယ့်မိန်းမ လှတာ နံပါတ်တစ်လေ၊အဲ့ဒါကိုဘာတွေထပ်ပြင်နေတာလဲ..."
"အပြင်သွားမှာဆိုတော့ နည်းနည်းတော့ ရွှိုင်းရမှာပေါ့...ကိုကြီးတောင်ရေချိုးထားပြီး လာပြောနေသေး..."
"ကိုယ်က ရေချိုးပြီး အင်္ကျီပဲလဲတာလေ.."
"အနှစ်က မိန်းကလေးလေ ကိုကြီးရဲ့"
YOU ARE READING
ချိုတမြမြ ရင်ခုန်တေး(completed)
Romanceမင်းဗညား+မြအနှစ် (အိမ်ထောင်ရေးဇာတ်လမ်းမှကြိုက်လျှင် ဖတ်ပါ)