အခန်း၄(U/Z)

15.9K 313 4
                                    

(unicode)

မြအနှစ်ရဲ့ တရှုံရှုံငိုသံလေးကြောင့် မင်းဗညားခေါင်းထောင်ကြည့်လိုက်သည်။ မိခင်ဆုံးပြီးကတည်းက တမှိုင်မှိုင်ဖြစ်နေတဲ့သူမက ပိုပိုဆိုးလာ၏။ထိုကိစ္စနဲ့ ပတ်သတ်ပြီး သူမဘက်က စိတ်ရောလူရောပန်းထားတာကိုသိ၍ အိမ်ထောင်ကျတာ ဆယ်ငါးရက်ခန့်မျှလောက်ရှိပေမဲ့လည်း အခုထိ ပေါင်းသင်းမင်္ဂလာ မပြုရသေးပါ။ သူ စီးကရက်တစ်ချက်ရှိုက်ဖွာပြီး မီးသတ်လိုက်ကာ

"အဖွားတို့ရွာ သွားနေမလား မြအနှစ်.."

"ဟင့်အင်း.."

"မင်း စိတ်ပြေလက်ပျောက်ဖြစ်သွားအောင်လေ..
အဲ့ဒီကပြန်လာမှ ဘုရားဖူးလိုက်ပို့မယ်"

"အနှစ် မသွားချင်ဘူး"

"မသွားချင်ရင် ပျော်ပျော်နေရမှာပေါ့ ဘာလို့အားတိုင်းငိုနေမလဲ..."

"သူ့ဘာသာ ဝမ်းနည်းနေတဲ့ကိစ္စကို အနှစ်က ဘယ်လိုလုပ်ရမလဲ..ကိုကြီး မစာမနာမပြောပါနဲ့
အနှစ်က အမေတစ်ယောက်လုံးဆုံးရှုံးထားရတာ"

"ဟ..မင်းကို အပြစ်ပြောနေတာမဟုတ်ဘူးလေ၊
အချိန်တိုင်းငိုနေလို့ပြောတာ"

"ဘာဖြစ်လဲ...အနှစ်မျက်ရည်နဲ့ အနှစ်ငိုတာ"

"မင်းမျက်ရည်နဲ့မင်းငိုတာဟုတ်ပေမဲ့ မင်းကကိုယ့်မိန်းမဆိုတော့ပြောရမှာပဲ..."

အနှစ် မျက်လုံးလေးနဲ့စောင်ကြည့်လိုက်သည်။
မကြာသေးခင်က မိခင်ဆုံးရှုံးထားရတဲ့သူမကို
စာနာနားလည်ပေးဖို့ အဲ့ဒီလောက်ခက်သလား။
သူ့ပုံစံက သူမရဲ့အငိုမျက်နှာကိုစိတ်ပျက်စွာ
ကြည့်နေတဲ့ပုံဖြစ်သည်။ထပ်ကျလာသော မျက်ရည်တွေကို ဆက်ခနဲသုတ်ပစ်၍...

"စိတ်ချပါ..ကိုကြီးဘက်က အနှစ်ရဲ့ငိုတဲ့အသံ၊ငိုတဲ့မျက်နှာကိုမမြင်ချင်ဘူးဆိုရင် အဖွားတို့အိမ်အနှစ်သွားနေမယ်သိလား..."

"ဘာ...ဟေ့..."

မင်းဗညား လှမ်းအော်လိုက်ပေမဲ့ အနှစ်က ကုလားထိုင်ခုံမှထကာ အခနျးထဲဝငျသှားပွီးတံခါးကိုဆောငျ့ပိတျသှား၏။သူပွောလိုကျတဲ့အဓိပ်ပါယျက သူမလေးစိတ်ပြေလက်ပျောက်ဖြစ်စေရန်ပြောလိုက်တာဖြစ်သည်။ဒါကို တမျိုးထင်သွားတာဖြစ်လောက်သည်။

ချိုတမြမြ ရင်ခုန်တေး(completed)Kde žijí příběhy. Začni objevovat