အခန်း၂၀(U/Z)

16.1K 259 2
                                    


ခရီးက ပြန်ရောက်ကတည်းက အနှစ်တို့ဖျားတာတစ်ပတ်ကြာသည်။တစ်ရက်လည်း အိပ်ယာထဲကမထူ၊နှစ်ရက်လည်းဘာစားစားမဝင်တော့ ဆေးခန်းပြေးရတော့သည်။ မင်းဗညားတစ်ယောက် ဇနီးသည်ကိုကြည့်ပြီး ရင်တက်မအေးဖြစ်နေကာ အကုန်စစ်ဆေးကြည့်ပြီး အဖြေရမှမျက်နှာကြီးကပြုံးဖြီးနေတော့သည်။

"ဟားဟား...ငါကွ..."

"အို...တိုးတိုး...ကိုကြီး "

မင်းဗညား လက်သီးလက်မောင်းတန်း၍ ထအော်တော့အနှစ်က တားဆီးသည်။မျက်နှာလေးကတော့ မင်းဗညားနဲ့ထပ်တူအပြုံးတွေဖုံးလွှမ်းနေ၏။ သူမတို့ရဲ့ ဗိုက်ထဲမှာ ကလေးလေးရောက်နေပြီတဲ့လေ။

"အဲ့ဒီလောက်တောင်ပျော်လား..."

"ပျော်တာပေါ့ မိန်းမရဲ့၊ကိုယ်ရင်တွေခုန်သလို
လူတစ်ကိုယ်လုံး မြောက်တက်ချင်တာ"

"အနှစ်လည်း ပျော်တယ်၊ ဗိုက်ထဲမှာကလေးလေးရှိပြီဆိုတဲ့အသိကလေ လူတစ်ကိုယ်လုံးနွေးထွေးစေတယ်၊ ပြီးတော့ကိုကြီးရဲ့ဆန္ဒကိုဖြည့်ရပြီဆိုတော့ပိုပြီးပျော်တာသိလား"

"အဟွန်း...ဒါပေါ့ မိန်းမရဲ့၊အခုကစပြီးအနေအထိုင်အသွားအလာဂရုစိုက်ရမယ်၊ အရေးကြီးဆုံးက မင်းအဖွားဘာတွေပြောပြောနားမယောင်မိစေနဲ့ ၊ မိန်းမလည်းခေတ်ပညာတက်တစ်ယောက်ပဲကွာ စဥ်းစားပေါ့"

"အနှစ် သိပါတယ်၊ ဒါပေမဲ့အဖွားကအနှစ်ကိုဒုက္ခရောက်ဖို့ပြောတာမဟုတ်ပါဘူး၊စိုးရိမ်လွန်တာကိုကြီးရဲ့၊အဲ့ဒါကြောင့်အဖွားပေါ်ကိုစိတ်မကွက်ပါနဲ့နော်..နားလည်ပေးပါ ကိုကြီးရယ်"

အနှစ်က ဖွားအေကိုငြိုငြင်မှာဆိုးတော့ ကာကွယ်ပြောသည်။ မင်းဗညားက အိပ်ယာပေါ်လှဲနေသောသူမရဲ့ပါးလေးကိုငုံ့နမ်းပြီး ချစ်မဝ။

"ဆိုင်ကယ်မစီးရတော့ဘူးနော် မိန်းမ.."

"မစီးပါဘူး ကိုကြီးရဲ့၊အနှစ် ဂရုစိုက်မှာပါ"

"ကိုယ်မသိဘဲ ဘယ်မှမသွားရဘူး၊ကိုယ်လည်း မနက်ဖြန်မှကိုယ်ဝန်ဆောင်ဖူးတဲ့အမေ့ကို သေချာအသေးစိပ်မေးရမယ်၊သွားတာစားတာနေတာထိုင်တာတွေ ဘာတွေဂရုစိုက်ရမလဲဆိုတာ"

ချိုတမြမြ ရင်ခုန်တေး(completed)Opowieści tętniące życiem. Odkryj je teraz