အခန်း၁၂(U/Z)

16K 291 1
                                    


''တောက်!..မြအနှစ် မင်းဘယ်မှာလဲ..."

မင်းဗညား ဒေါသကြောင့် မျက်နှာကြီးနီရဲတင်းမာကာ အိမ်ထဲဝင်လာသည်။မီးဖိုချောင်တွင်ဒေါ်ကြီးနဲ့အတူဟင်းချက်နေတဲ့မြအနှစ်မှာ
ဘေစင်မှာ လက်ကို ကပျာကယာဆေး၍အိမ်ရှေ့အပြေးထွက်လာရသည်။

"ကိုကြီး ဘာဖြစ်လာတာလဲ၊ အော်ကြီးဟစ်ကျယ်နဲ့ ဒီမှာလန့်တောင်လန့်တယ်"

"မင်း လာခဲ့စမ်း...မြအနှစ်.. တွေ့မယ်...တောက်!.."

"အနှစ်ကို တောက်မခေါက်ပါနဲ့ "

သူဆွဲခေါ်တဲ့အတိုင်း အိပ်ခန်းထဲကိုပါလာသည်။
လက်ကိုအတင်းဆွဲဆုပ်လာသောကြောင့်အနှစ်ရဲ့လက်ဖဝါးလေးတွေ နာကျင်ရသည်။ တံခါးကိုဆောင့်ခနဲပြန်ပိတ်လိုက်တော့အသံက ခပ်ပြင်းပြင်းထွက်သွားပြီး ဆူညံသွားသည်။

"တောက်ခေါက်ရုံတင်မဟုတ်ဘူး၊မင်းကို အမှုန့်ကြိတ်ပစ်ချင်နေတာ "

"ဘာလဲ....အနှစ် ဘာအမှားလုပ်မိလို့လဲဟင်၊
ဘာကို ဒေါသထွက်လာတာလဲ "

"ကြည့်...အဲ့တာဘာတွေလဲ..မင်း ဘာတွေလုပ်ထားတာလဲ မြအနှစ်"

"ဟင်..."

အနှစ်မျက်လုံးပြူးသွားသည်။ သူငယ်ချင်း
ချိုလွင်ကိုမှာထားသောဆေးက ကိုကြီးလက်ထဲဘာလို့ရောက်နေတာလဲ။ညနေမှလာယူမယ်ပြောထားတာကို ထည့်ပေးလိုက်တာလား။
ပြီးတော့ ကိုကြီးက ဒီဆေးကိုသိနေခဲ့တာလား။

"ငါလည်းမသိပါဘူး၊ မင်းသူငယ်ချင်းကိုယ်တိုင်ပြောလိုက်တာ...မင်းမှာထားတဲ့တားဆေးကတ်တွေတဲ့၊ဆိုင်မှာပစ္စည်းပြတ်ခံနီးလို့နှစ်ကတ်ဝယ်ထည့်ပေးလိုက်တာတဲ့..ဟွန်း..ငါ့ကိုအရူးလုပ်နေတာလား မြအနှစ်"

"မ..မဟုတ်ပါဘူး ကိုကြီးရဲ့"

"ပြောစမ်း..မင်းမျက်လုံးထဲမှာ ငါ့ကိုဘယ်လိုသဘောထားနေတာလဲ..အတန်တန်ပြောထားရဲ့နဲ့ကွာ.."

အနှစ်ရဲ့ပခုံးလေးနှစ်ဖက်ကို ဆုပ်ကိုင်၍
မင်းဗညားက မချင့်မရဲဆိုသည်။အပြစ်ကင်းစင်တဲ့ပုံစံလေးနဲ့ ဒီကောင်မလေးဒါမျိုးထိ လုပ်တက်နေတာကို တွေးရင်း စိတ်မကောင်းဖြစ်ရသလို ဒေါသထွက်ရသည်။

ချိုတမြမြ ရင်ခုန်တေး(completed)Donde viven las historias. Descúbrelo ahora