အခန်း၁၆(U/Z)

19.1K 280 5
                                    


မင်းဗညားသည် သူမရဲ့ပခုံးလေးကိုဖက်ပြီး သင်္ဘောအတွင်းလိုက်ပြသည်။ အနှစ်ကတော့
အပြင်က ကြည့်ခဲ့တုန်းကသဘောကျသလို၊အခုလိုအတွင်းပိုင်းတွေကိုကြည့်ရတော့လည်းသဘောကျနေတာပဲ ဖြစ်သည်။

"ကိုကြီး..ဒီသင်္ဘောက လူတွေမတင်ဘူးလားဟင်၊
ဒီလောက်ကျယ်တာကို"

"လူတင်တာထက် ကုန်ပို့တာကပိုပြီးထိရောက်တာပေါ့ကွ၊ပိုက်ဆံပိုရတယ်၊ အဲ့ဒါကြောင့်ဝန်ကျယ်တဲ့လှေကို တမင်ရွေးဝယ်ထားတာ၊ ဒီလိုပုံစံသုံးစီး ကိုယ်ပိုင်တယ်"

"ဟင်...တကယ်ကြီး..."

"အင်း...မင်းကို မပြောပြတာမဟုတ်ပါဘူး၊ လုပ်ငန်းက အရှုံးပေါ်ထားတော့ ပြသာနာနည်းနည်းရှိနေလို့၊ အလည်ခေါ်ဖို့တော့အရင်ကတည်းက တွေးထားတာ"

"သြော်..."

"ဒီအခန်းမှာ ကိုယ်တို့နှစ်ယောက်အိပ်မယ်"

မင်းဗညားက တံခါးကိုလှည့်ဖွင့်လိုက်သည်။အခန်းကျဥ်းလေးထဲမှာ ခုတင်ပုံစံ သစ်သားဖြင့်ခပ်မြင့်မြင့်လုပ်ထားပြီး လူနှစ်ယောက်တော့အေးဆေးအိပ်လို့ရသည်။ တဖက်ကမှန်တံခါးလေးကိုဖွင့်၍အပြင်ဘက်ကိုမြင်ရသည်။ ညရဲ့လေထုအေးအေးနှင့်မြစ်ရဲ့အငွေ့အသက်တို့ပေါင်းစည်းရင် တကယ််နေလို့ကောင်းမဲ့အခန်းဖြစ်သည်။

"ကိုကြီး ခြင်ကိုက်မလားမသိဘူးနော်"

"ညကြရင် ခြင်ထောင်ထောင်ရမှာပေါ့၊ ဒါပေမဲ့ဆေးဖြန်းထားတယ်ပြောတယ်..ကိုက်ချင်မှကိုက်မယ်"

ကိုကြီးနဲ့အတူ အထဲဝင်ကြည့်ပြီး သေချာဆန်းစစ်နေမိသည်။ အရေးကြီးတဲ့ တွိုင်းလက်ကိစ္စကို သတိရသွားပြီး ။

"ဟို အပေါ့သွားဖို့ကြတော့ရော ရှိလားဟင်၊
တစ်ညလုံး အနှစ်မအောင့်နိုင်ဘူးနော်"

"ရှိတာပေါ့ ၊ ဒီတံခါးဖွင့်ရုံပဲ..ရေချိုးလို့လည်းရတယ်၊ ဒါပေမဲ့မြစ်ရေပေါ့"

"ဟင့်အင်း...ဟို ရေသန့်ဗူးကြီးတွေပဲ သုံးမယ်လေနော်..ဒီရေတော့မချိုးပါဘူး"

"ဒီပုံးအပြာကို ရေသန့်ထည့်ထားတာတဲ့၊ ချိုးလို့သုံးလို့သုံးလို့ရတယ်ပြောတယ်၊ ကိုယ်ရေသန့်
ထည့်ခိုင်းထားတာ မင်းအကြောင်းသိလို့   "

ချိုတမြမြ ရင်ခုန်တေး(completed)Where stories live. Discover now