"ဘာပြောလိုက်တယ် မြအနှစ် ""အို...မအော်ပါနဲ့ ကိုကြီးရဲ့"
တဖက်အခန်းက အဖွားကြားမည်ဆိုးကာ အနှစ်က ကိုယ်လုံးလေးကြွတက်၍ သတိပေးသည်။ မင်းဗညားက အံကိုတင်းခနဲကြိတ်လိုက်တော့မေးရိုးတွေက ပိုပြီးပေါ်လွင်သွား၏။
"မနက်က မင်းကို သွားလည်လို့ပြောတာကလည်းလွှတ်လည်း သုံးရက်အပြင်မပိုဘူး၊အဲ့ဒါကိုတစ်လတောင် လွှတ်စရာလားကွ..မင်းနဲ့ကိုယ်ယူထားတာတစ်လတောင်မပြည့်သေးဘူးနော်..နည်းနည်းပါးပါးစဥ်းစားပြီးပြော မြအနှစ်"
"သိပါတယ် ကိုကြီးရယ်..ဒါပေမဲ့ "
"သိရင် သွားဖို့မစဥ်စားနဲ့.."
"မသွားလို့ မရဘူး၊ အနှစ်ရဲ့မေမေအတွက်ပဲဟာ"
"ကျွတ်!...အလုပ်မဟုတ်တာကိုကွာ.."
မင်းဗညားရဲ့ မျက်နှာကြီးတင်းနေသည်။ အနှစ်ကလည်း တကယ့်ဇွတ်တရွတ်မျက်နှာလေးဖြစ် သည်။ကြားထဲက ရှေးအယူအဆတွေနဲ့ ဗေဒင်ယုံကြည်သော အဖွားကိုသာ အပြစ်တင်လိုက်ချင်သည်။
"တစ်လပဲလေ ကိုကြီးရဲ့ တသတ်လုံးမှမဟုတ်တာ..နော်...တကယ်တစ်လတည်း၊ ဒဏ်ရာကလည်းဘာမှမပြောပလောက်ဘူး"
"အဖွားအိမ်ဆီမှာ တစ်လနေရအောင် မင်းကိုယ် မင်း အပျိုလေးလို့ထင်နေတာလား"
"ဟင့်အင်း..အဲ့ဒီလို မဟုတ်ပါဘူး"
"ဒါဆို ဆက်မပြောနဲ့"
"ကိုကြီး...အနှစ်ပြောတာကို နားထောင်ပါအုံး"
"ဆောရီးပဲ.. မြအနှစ်..အမှန်တိုင်းပြောရရင်
မိန်းမနဲ့ တစ်ညခွဲရတာတောင်လွန်လှပြီ"အနှစ် ဘယ်လိုပြောပြော မင်းဗညားက လက်မခံပေ။ မိန်းမနဲ့အဆင်ပြေဖို့တွေးတုန်းရှိသေး၊ဇယားတွေက ရှုပ်လာတော့သည်။ သူမလေးနဲ့ သူပေါင်းဖက်ချင်နေတာ အမှန်။
"မဟုတ်ပါဘူး..အခုလည်း ဗေဒင်ဆရာကသေချာတွက်ချက်ပေးတာတဲ့၊ အနှစ်လည်း ဒီနေ့ကံနိမ့်နေသလားမသိဘူး..ခုနကတောင် ကားကြိတ်မိတော့မလို့ဟာ.."
"အဲ့ဒီဗေဒင်ဆရာပြောတိုင်း ယုံစရာလားကွ၊ အဲ့ဒီလောက်သိတက်နေရင် ထီပေါက်အောင်လုပ်ပြီး
ဟောစားမနေနဲ့လို့၊အလကား..လျှောက်ပြောပြီးလူတွေဆီက လိမ်စားနေတာ၊ကားနဲ့မတော်တဆဖြစ်တာက ကံနိမ့်လို့မဟုတ်ဘူး၊ကိုယ်လည်း သတိလွတ်သွားတာ "
YOU ARE READING
ချိုတမြမြ ရင်ခုန်တေး(completed)
Romanceမင်းဗညား+မြအနှစ် (အိမ်ထောင်ရေးဇာတ်လမ်းမှကြိုက်လျှင် ဖတ်ပါ)