အခန်း၁၃(U/Z)

17.1K 325 1
                                    


ညအချိန်မရှိတော့မှန်း သိသော်လည်း စိတ်ညစ်နေတော့ဘာမှမတွေးနိုင်တော့ဘဲ ရေချိုးခေါင်းလျှော်ပစ်လိုက်သည်။ အနှစ် ရေချိုးခန်းထဲကထွက်လာတော့ ညကိုးနာရီထိုးဖို့ဆယ်မိနစ်သာလိုတော့ သည်။ ညဝတ်ဂါဝန်အပါးလေးလဲဝတ်ပြီး ရေစိုနေသောဆံပင်ကို dryerဖြင့်မှုတ်ပြီး၊မှန်ထဲကိုငေးကြည့်နေမိသည်။ငိုထားရလွန်းလို့မျက်လုံးအိမ်လေးတွေရဲနေသလို နှုတ်ခမ်းသားလေးတွေဆိုဆေးကူစရာမလိုဘဲ နီမြန်းထူအမ်းနေ၏။ဆံပင်မခြောက်သေးမှန်းသိသော်လည်း သီချင်းသံတိုးတိုးလေးဖွင့်ကာ အိပ်ယာဝင်လိုက်သည်။

ကိုးနာရီကျော်အထိ ကိုကြီးဘက်က ပြန်မရောက်သေးတော့ပြန်လာမယ်ဟု အနှစ်မထင်တော့ပေ။ နှစ်ယောက်အိပ်မွေ့ရာကြီးပေါ်တွင်အလွမ်းသီချင်းသံနဲ့အပြိုင် သူမတစ်ယောက်တည်းအထီးကျန်ခံစားရင်း ခေါင်းအုံးပေါ်မျက်နှာမှောက်၍ ကိုယ်လေးတသိမ့်သိမ့်တုန်အောင်ရှိုက်ငိုနေမိတော့သည်။

မင်းဗညား ဧည့်ခံပွဲက ပြန်ရောက်တော့ညဆယ်နာရီခွဲပြီ။အပေါင်းအသင်းမိတ်ဆွေတွေစုံတာနဲ့စကားပြောသောက်စားရင်း အချိန်လင့်သွားတာဖြစ်သည်။ ခြေထောက်၊လက်ထောက်ဆေးကြော၍ ပုဆိုးနဲ့တီရှပ်တစ်ထည်လဲဝတ်ပြီးခုတင်တစ်ဖက်စွန်းမှာဝင်အိပ်လိုက်သည်။ သူမကတော့ဟိုဘက်လှည့်၍အသက်ရှုနှုန်းမှန်မှန်ဖြင့်အိပ်မောကျနေတုန်းဖြစ်သည်။

"အင်းး..ဟင်းး..မေမေ.."

"ဟင့်အင်း..ဟင့်အင်း...အဟင့်..."

တိတ်ဆိတ်နေသော အခန်းထဲတွင် ညည်းသံတိုးတိုးက ပျံ့လာသည်။အချိန်အားဖြင့်ညတစ်နာရီထိုးခံနီးပြီဖြစ်သည်။ မင်းဗညား အိပ်နေရင်းမှ နိုးသွားရင်း ခေါင်းထောင်ကြည့်လိုက်သည်။

"အနှစ်..မင်း နေမကောင်းဘူးလား "

မင်းဗညား အသံပေးရင်း သူမဘက်သို့လှည့်လိုက်သည်။အနှစ်က ပန်းရောင်ညဝတ်ဂါဝန်လေးနဲ့အပြိုင် မျက်နှာလေးက နီမြန်းမြန်းလေးဖြစ်နေ ၏။

"အင်းး...ချမ်းတယ် "

"ဟင်.."

သူ အိပ်ယာထဲမှ ထထိုင်ရင်း ပုဆိုးပြင်ဝတ်ကာ ခုတင်ရဲ့အလယ်ဘက်ကိုတိုးရသည်။
မျက်လုံးလေးမှိတ်၍ညည်းနေသောသူမကို
ကြည့်၍ သူလက်လှမ်း၍နဖူးကိုစမ်းလိုက်သည်။

ချိုတမြမြ ရင်ခုန်တေး(completed)Tempat cerita menjadi hidup. Temukan sekarang