(unicode)
နွေရာသီဖြစ်သောကြောင့် ညနေခင်းက သာယာကြည်လင်လှသည်။ ခြံထဲမှာ ပန်းပင်ရေလောင်းနေရင်း အနှစ်ရဲ့အတွေးတွေများနေရသည်။နေ့လည်က ကိုကြီးပြောသွားသောစကားကိုသာအထပ်ထပ်ကြားယောင်နေရင်း လူက စိတ်နဲ့ကိုယ်မကပ်ပေ။
"ဟယ်..ကလေး ရှားစောင်းအပင်ကိုရေတွေနင်းကန်မထိုးနဲ့လေ..သူကပုပ်လွယ်တယ်ကွဲ့"
"ဟီး..ဟုတ်သားပဲ.."
ဒေါ်ကြီးပြောမှ အနှစ် သွားလေးဖြဲပြရင်း သတိဝင်သွားသည်။ဖေကြီးနဲ့မေမေက ညဘက် ရှစ်နာရီလောက်မှပြန်ရောက်တက်ပြီး ကိုကြီးလည်း ပြန်မရောက်သေးပေ။ထို့ကြောင့် ဒေါ်ကြီးနဲ့ သူမသာရှိသည်။
"ဒေါ်ကြီး.."
"ဟေ.."
အနှစ် ရေပိုက်လေးကို ပစ်ချ၍ခလုတ်ပိတ်ပြီးတာနဲ့ မြေသြဇာတွေတူးဆွနေသော ဒေါ်ကြီးအနားကျူံ့ကျုံ့လေးထိုင်လိုက်သည်။ အပျိုကြီးဖြစ်တဲ့ ဒေါ်ကြီးက အချစ်ဝတ္ထုတွေအရမ်းဖတ်တာသိထားပါသည်။ထို့ကြောင့် သိချင်တာလေးနည်းနည်းပါးပါး မေးချင်သည်။
"ပြောလေ ကလေး..ဘာပြောမလို့လဲ "
"ဟုတ်..အနှစ်မေးစရာလေး ရှိလို့"
"အင်း..ဒေါ်ကြီးသိတာဆို ပြောပြမှာပေါ့"
"ဟုတ်ကဲ့.."
အနှစ် မေးလည်းမေးချင်၊ ရှက်စိတ်လေးကလည်း တဝဲဝဲဆိုတော့ လက်ချောင်းလေးတွေအချင်းချင်းဖိပွတ်ပြီး အားယူသလိုလုပ်နေ၏။
မိုးချုပ်ခံနီးဆိုလျှင် ကိုကြီးလည်းပြန်ရောက်တော့မှာဆိုတော့ မမေး၍တော့မဖြစ်။"ဟိုလေ ..အိမ်ထောင်ကျပြီးလို့ ယောကျာ်းနဲ့ အတူမနေကြရင်ရော သူတို့က ငြီးငွေ့သွားကြလားဟင်..ပြီးတော့ အတူမနေချင်တဲ့ယောကျာ်းရော ရှိလား"
"အနှစ်လေးရယ်..ပေါက်ပေါက်ရှာရှာတွေ၊ အိမ်ထောင်ကျပြီးရင် ဘယ်ယောကျာ်းက အတူမအိပ်ပဲနေမလဲကွဲ့...မိန်းမရှိရက်နဲ့မကြင်နာရဘူးဆိုရင် မိန်းမအငယ်အနှောင်းတွေထားပြီးအပျော်ရှာကြမှာပေါ့၊ အဲ့ဒါကြောင့် မိန်းမလုပ်သူကကိုယ့်အိမ်ထောင်ဦးစီး တောင်းဆိုသမျှကို အကြိုက်ဆောင်လိုက်လျောကြတာပေါ့ကွယ်..အဟင်း.."
BẠN ĐANG ĐỌC
ချိုတမြမြ ရင်ခုန်တေး(completed)
Lãng mạnမင်းဗညား+မြအနှစ် (အိမ်ထောင်ရေးဇာတ်လမ်းမှကြိုက်လျှင် ဖတ်ပါ)