အခန်း၂၁(U/Z)

14.2K 262 2
                                    


အနှစ် ကိုယ်ဝန်ဆိပ်က သူများနဲ့မတူ၊ တမူထူးခြားသည်။ သူများတွေအစားအသောက်တွေပျက်ကြ၊ပျို့ကြအန်ကြတာတဲ့၊တချို့ကြတော့လည်း တစ်ခုပြီးတစ်ခုစားချင်တာမနားမနေတဲ့။အခု သူမကတော့အစားအသောက်လည်းပုံမှန်ပဲစားသည်။ အချိန်တိုင်းလည်းပျို့မအန့်ပေ။တစ်ခုပဲရှိတာက တစ်နေ့တစ်မျိုးမရိုးရအောင်ပန်းပန်တယ်၊အိပ်ယာဝင်လျှင်ပန်းတွေအနားချထားပြီးပန်းနံ့ရမှအိပ်ပျော်၏။ငွေပန်းတို့စံပယ်ပန်းတို့ဆိုအရူးအမူးကြိုက်သည်။ မှန်တင်ခုံပေါ်မှာပန်းအိုးတင်ထားပြီး နှင်းဆီရောင်စုံပန်းကိုလည်း မရိုးရအောင်ထိုးပြီးအလှဆင်တက်သူဖြစ်သည်။

"ကိုကြီး အနှစ်ကို စံပယ်ပန်းပင်စိုက်ပေးပါလား"

"စျေးထဲဝယ်ရင်ရနေတာပဲ မိန်းမကလည်း "

"ဟင့်အင်း...ကိုယ်တိုင်ခူးပြီး သီချင်တာ"

"ချက်ချင်းစိုက်တော့ရော ပွင့်မှာတဲ့လား"

"ဟုတ်သားပဲ...အဟင်း..."

"စားပြီးရင် ကိုယ်နဲ့ လမ်းလျှောက်မယ်နော်၊ဒီနေ့ရောနေရတာအဆင်ပြေရဲ့လား"

"အင်း..ပြေပါတယ်၊ ဗိုက်က သိမှမသိသေးတဲ့ဟာနေရလည်း မခက်ပါဘူး၊ အေးဆေးပဲ"

ဗိုက်က လေးလလို့သာ ပြောတာ၊ခါးလေးမသိမသာတုတ်တာကလွဲလို့ ဗိုက်မထွက်သေးပေ။ အဲ့ဒါလေးကိုပင် မင်းဗညားတို့ သည်းသည်းလှုပ်လှုပ်နေတာ နေ့နေ့ညညဖြစ်သည်။

"မနေ့ညနေတုန်းက အဖွားတို့ပို့ပေးလိုက်တဲ့သစ်ခွတွေလေ အရမ်းလှတာပဲသိလား၊အဲ့ဒီပန်းတွေလည်းစိုက်ချင်တယ် ကိုကြီး"

"ဟိတ်..ဟိတ် ချဥ်ရည်ဟင်းတွေနင်းကန်မထည့်နဲ့လေကွာ..ဗိုက်တော့မကောင်းဖြစ်တော့မှာပဲ"

ကြားပေမဲ့ ပြောတာကို ဂရုမစိုက်နိုင်။ထမင်းနဲ့ချဥ်ရည်ဟင်းတွေနယ်ဖက်နေသောသူမကြောင့် မျက်မှောင်ကြီးကြုတ်ကာ အော်လိုက်သည်။

"အရမ်းမစားနဲ့လို့ပြောနေတာကိုကွာ..ကျွတ်"

"ပုစွန်ကြော်က ချဥ်ရည်ဟင်းနဲ့မှလိုက်တာလေ၊
ပန်းကန်ဟိုဘက်မတွန်းပါနဲ့ ပြန်ပေး"

ချိုတမြမြ ရင်ခုန်တေး(completed)Where stories live. Discover now