[Unicode]Part 17
_________________
နွေဦးပန်းပွဲတော်နေ့။
သက်တော်ရနေပေမယ့် သန်မာဖျတ်လတ်ဆဲဖြစ်တဲ့ခမည်းတော်နဲ့အတူ အေးဆေးစကားပြောနိုင်ရန် ဒေါနတန်းဘက်သို့လမ်းလျှောက်ဖြစ်ခဲ့ကြသည်။ဒီအသက်အရွယ်အထိ သူနဲ့ခမည်းတော်ရဲ့ကြားထဲမှာ ပြောစရာစကားတို့ဟာ နိုင်ငံ့အရေး၊ပြည်အရေးကလွဲပြီး ရေရေရာရာမရှိခဲ့။
သူမွေးဖွားလာပြီး ချီနိုင်ငံရဲ့နန်းလျာမင်းသားဖြစ်ဖို့သတ်မှတ်ခံထားရကတည်းက ခမည်းတော်ဟာ သူ့အတွက် ဖခင်ဆိုသောအရာထက်သာလွန်ခဲ့သည်။ခမည်းတော်ဟာ သူ့ရဲ့ဆရာကောင်းတစ်ယောက်၊ စစ်ပွဲတွေအတူယှဉ်ပြီး နွဲခဲ့ကြတဲ့ မိတ်ဆွေကောင်းတစ်ယောက်။
ထီးနန်းရယူဖို့အရည်အချင်းပြည့်စုံလုံလောက်သွားတဲ့အချိန်မှာ သူ့ဆီထီးနန်းလွှဲအပ်ပြီး နိုင်ငံ့ရေးရာအားလုံးကိုကျောခိုင်းထားတဲ့ခမည်းတော်က သူ့အား နိုင်ငံရေးအမေးတစ်ခုဖြင့်စကားစတင်သည်။
"စုန့်နဲ့ ဒယ်ရှီက တိတ်တဆိတ်ဆက်သွယ်နေတယ်လို့သတင်းသဲ့သဲ့ကြားထားတယ်...အမှန်ပဲလား"
"မသေချာသေးတဲ့သတင်းပါခမည်းတော်...စိတ်ထဲမထားပါနဲ့"
"စုန့်ပြည်က အစဉ်အဆက်အနေနဲ့ ချီရဲ့ အင်ပါယာထဲကနိုင်ငံငယ်လေးတစ်ခုလို့သတ်မှတ်ခံထားရတာ...ဒယ်ရှီနဲ့သာ တစ်ကယ်ဆက်သွယ်နေခဲ့ရင် အခက်တွေ့စရာတွေကြုံရလိမ့်မယ်..."
ခမည်းတော်က ထိုစကားကိုပြောကာ သူ့ဘက်လှည့်ကြည့်လာတော့ ခမည်းတော်ဆိုလိုချင်သည့်အကြောင်းအရာကို ဂျောင်ဂုတန်းသဘောပေါက်သွားသည်။
ခမည်းတော်မသိစေရန်သက်မအနည်းငယ်ပင့်သည်။ မလိုအပ်သေးဘူးဟုဂျောင်ဂုထင်ပေမယ့် စိတ်ထဲတင်းကာပြောလိုက်သည့်စကားနောက် ပြေးမြင်မိသည့်ချစ်ရသူမျက်နှာ။
"ဒီရက်ပိုင်းမှာပဲ စုန့်ပြည်ကိုစစ်ချီဖို့ပြင်မှာပါခမည်းတော်"
ခမည်းတော်က ခေါင်းတဆတ်ဆတ်ငြိမ့်ပြီးနောက်ဘာမျှမပြော။ ဒေါနတန်းဘက်လွန်လာတော့ မင်းညီမင်းသားတစ်သိုက်နဲ့ ပန်းကစားနေသည့် ဆန်းယော့မယ်မယ်တို့အဖွဲ့အားလှမ်းမြင်နေရသည်။ ခမည်းတော်က ရပ်လျက်ပြုံးကာကြည့်၏။ ခမည်းတော်၏မျက်ဝန်းတွေထဲမှာတော့ ဆန်းယော့မယ်မယ်အပေါ် ထားတဲ့ဖြူစင်သည့်သူငယ်ချင်းသံယောဇဉ်က အတိုင်းသား။
.
.
.
.
.
.
.
.
YOU ARE READING
The Love Sleeping Under The Moonlight