Part 12

1.3K 103 22
                                    

[Unicode]Part 12

_______________

"ပိုးစုန်းကြူးတွေ အများကြီးထွက်နေတာပဲ"

တစ်ယောက်တည်းရှိနေစဉ် ရုတ်တရက်ထွက်ပေါ်လာသည့်အသံကြောင့် ထိတ်လန့်မှုဖြင့် ထယ်ယောင်းကိုယ်လေး အနည်းငယ်တုန်သွားသည်။ အသံပိုင်ရှင်ဟာ သူ့ဘေး၌ရောက်နေပြီး သူ့အားဂရုမထားစွာ အရှေ့မှပိုးစုန်းကြူးများကို ငေးကြည့်နေ၏။

လေအဝှေ့မှာတစ်ချက်သင်းသွားသည့် ကြာညိုနံ့ကြောင့် ထယ်ယောင်းနှုတ်ခမ်းထောင့်များမသိမသာကော့တက်သွားသည်။

လက်အားအနောက်ပစ်လျက် ပိုးစုန်းကြူးများကိုသာ တမေ့တမောငေးကြည့်နေသောအရှင်။အနှောင့်အယှက်ဖြစ်မည်စိုး၍ အသံမပေးတော့ဘဲ အသာဂါရဝပြုလိုက်သည်။

အနောက်ဘက်သို့စောင်းငဲ့ကြည့်တော့ ပါနေကျလီထိုက်တစ်ယောက်တည်းသာ။သူ့ဆီတကူးတကရောက်လာတာမဟုတ်မှန်းသေချာသွားတော့ အရှင်ဟာ ညဘက်ကြီးကျမှ အနောက်နန်းကို လမ်းမှားပြီးရောက်လာပုံပေါ်ပါသည်။

ဘေးနား၌ကူးကာလူးကာ ပျံသန်းနေသည့်အကောင်လေးများဆီသို့ အာရုံပြန်ပို့လိုက်ပေမယ့် အနား၌ အရှင်ရပ်နေသည်ဟူသောအသိကြောင့် စိတ်မဖြောင့်နိုင်။

တစ်နေရာတည်း၌ရပ်နေရသည်မှာ ခြေထောက်တောင့်လာပြီဖြစ်သော်လည်း အရှင်များတစ်ခုခုပြောလာလေမလားဆိုတဲ့အတွေးနဲ့ ရင်ထိတ်နေရသေးသည်။ ဘယ်သူမပြုမိမိမှုမို့ မိမိဘက်ကစတင်မိတဲ့အမှားတစ်ခုကြောင့် အရှင်နဲ့သူ့ကြားက ဆက်ဆံရေးဟာ တစ်မျိုးတစ်ဖုံတော့အေးစက်သွားခဲ့တာမဟုတ်လား။

ပြန်တွေးတိုင်းရင်နာရသည့်ထိုအခိုက်အတန့်ကို ထယ်ယောင်းဘယ်လိုနည်းနဲ့ဖြေဖျောက်နိုင်ပါ့မလဲ။

အရှင်ဟာ တိတ်ဆိတ်စွာရပ်နေပြီး ခနအကြာမှ...

"အဟမ်း!...ကြင်ယာတော်ကင်မ်အိပ်ဆောင်မဝင်သေးဘူးလား"

ချောင်းဟန့်ကာ သူ့အား အမေးစကားပြုလာသည်။ထယ်ယောင်းရဲ့မျက်လုံးများက အရှင့်ဆီဖျတ်ကနဲရောက်သွားရင်း...

"အိပ်ဆောင်ဝင်ဖို့က စောပါသေးတယ်အရှင်"

"အော...စောသေးတာပဲ"

The Love Sleeping Under The Moonlight Where stories live. Discover now