[Unicode]နှာဖျားထက်သို့လာရောက်ကျီစယ်နေသည့် ကြာညိုနံ့ကြောင့် အိပ်မက်ထဲသို့ဟိုတစ်စ ဒီတစ်စဖြင့်ပျံ့လွင့်နေသည့် သူ့အသိစိတ်များစုစည်းလာရသည်။ သူလဲလျောင်းနေသည့်အခင်းဟာ နူးညံ့သည်။
လေးကန်နေသည့်မျက်ခွံများကိုအားယူဖွင့်လိုက်တော့မီးရောင်ပျပျနဲ့ဝေဝါးနေတဲ့အခန်းမျက်နှာကျက်က ဦးစွာဆီးကြိုနေသည်။
မည်သူ့ကိုမှတောင့်တခြင်းတစ်စုံတစ်ရာမရှိဘဲ မျက်နှာကျက်သို့သာကြည့်ရင်း မျက်တောင်တဖျတ်ဖျတ်ခတ်နေမိသည့်ထယ်ယောင်း။နိုးထလာရခြင်းဟာထူးဆန်းနေသည်။သူအဆိပ်မိခဲ့တယ်မလား။ သေချာပေါက်အသက်မရှင်နိုင်တော့ဘူးလို့တွေးခဲ့မိတာ။
ပေါ့ပါးနေသည့်ကိုယ်ကြောင့် သူ့ကိုယ်၌ အတွင်းဝတ်ရုံအပါးသာရှိတော့မှန်း သတိထားမိလိုက်သည်။ပြီးတော့ သူ့ရဲ့....
"အိပ်ရတာသက်သောင့်သက်သာမရှိမှာစိုးလို့ကိုယ်တော်ဖြုတ်ထားလိုက်တယ်"
ခေါင်းပေါ်လက်ဖြင့်စမ်းရုံမျှရှိသေး ထွက်ပေါ်လာသည့်စကားသံက သူ့ခေါင်းရင်းနား၌ထိုင်နေသည့်မင်းသားဂျွန်ထံမှ။အံ့ဩတကြီး မော့ကြည့်လိုက်ပေမယ့် ရာဇအိန္ဒြေဖြင့်ရှုတည်တည်ထိုင်နေရုံမှတပါး သူ့အားအမေးစကားပြုခြင်းရှိမလာ။
သူ့ဘေးမှ မင်းသားဂျွန်ဟာ ရွှေရောင်အနားကွပ်သည့် အဖြူရောင်ညအိပ်ဝတ်ရုံရှည်ကို လှဲလှယ်ဝတ်ဆင်ထားပြီးအမြဲတစေ စုပင့်ကာထုံးထားသည့်ဆံပင်များအား တစ်ဝက်သာစည်း၍ ကျောအနောက်သို့ချထားသည်။ အဆင်တန်ဆာတို့ဝတ်ဆင်ထားချိန်ထက်ငယ်ရွယ်နုပျိုသောမင်းသားဂျွန်ကို နှုတ်ဆက်ရန်ပင်သတိမရဘဲသူငေးကြည့်နေမိသည်။ သူမမြင်တွေ့ဖူးသည့်မင်းသားဂျွန်ရဲ့အိပ်ဆောင်အတွင်းမှပုံစံဟာ ထိုကဲ့သို့။
"အဟွန်း...နိုးလာလာချင်း ပထမဆုံးရှာတဲ့အရာက အဲ့ဒီကနုတ်ခက်တွေတဲ့လား"
ရယ်သွမ်းသွေးလျက်စကားစလာသည်။သူ့ရဲ့ဆံဖိများအားကနုတ်ခက်ဟုသာ မင်းသားဂျွန်ကသုံးနှုန်းသည်။ဒါဟာ ဒုတိယအကြိမ်မြောက်။
ဒါကအရေးမကြီး။ အရေးစိုက်ရမည့်အရာဟာ သီးသန့်ရှိသည်မို့...
![](https://img.wattpad.com/cover/342435720-288-k142678.jpg)
YOU ARE READING
The Love Sleeping Under The Moonlight