Part 20

1.3K 106 38
                                    

[Unicode]Part 20

____________

"လမ်းလျှောက်ထွက်တာလား"

အရှင်ဂျွန်ဆီမှထွက်လာသည့် အမေးစကား၌ လေသံသည်ပျော့ခြင်းမာခြင်းမရှိဘဲတည်ငြိမ်နေ၏။ထိုသို့တည်ငြိမ်နေခြင်းကပင်အထိန်းတော်လီအားပို၍ စိုးရိမ်စိတ်ပိုနေစေသည်။

ကြင်ယာတော်ကင်မ်တစ်ယောက် အရှင်မနိုးခင်ကတည်းအရင်ထပြီး အို့ဟီးနဲ့အတူ နှစ်ယောက်တည်းလမ်းလျှောက်ထွက်သွားသည်အားအထိန်းတော်လီပင်မသိလိုက်ရသည့်အဖြစ်ပါလေ။အရှင်က အိပ်ယာနိုးပြီး ကြင်ယာတော်ကင်မ်ကိုရှာလာတော့ အထိန်းတော်လီ မရဲဝံ့စွာလျှောက်တင်သည်ဆိုရင်ပဲ အရှင်ဟာသံယောင်လိုက်ကာ ပြန်မေးပြီး သူ့အဖြေကိုမစောင့်ဘဲ ခေါင်းတစ်ချက်ငြိမ့်ကာ အဆုံးသတ်သည်။

မယ်မယ်ကိုများစိတ်ခုသွားလေမလားအထင်ဖြင့် သတ္တိမွေးလိုက်ကာ...

"ကြင်ယာတော်ကင်မ်က မနက်ပိုင်းလမ်းလျှောက်ထွက်တာအကျင့်ဖြစ်နေလို့ပါအရှင်...အရှင်နိုးတဲ့အချိန်ရှိမနေတာကို ဗွေမယူပေးဖို့တောင်းဆိုပါတယ်"

"ကိုယ်တော်သိပါတယ်...နောက်ပြီး လမ်းလျှောက်တယ်ဆိုတော့..ဟိုဟာ...ကလေးအတွက်လဲကောင်းတာပဲပေါ့...ဟုတ်သလားအထိန်းတော်လီ"

အရှင်ရဲ့ရုတ်တရက်ဆန်သည့်စကားကြောင့်အထိန်းတော်လီနားမလည်ဖြစ်သွားရသည်။နောက်မှ ဖြတ်ကနဲဆိုသလို ခေါင်းထဲရောက်လာတဲ့အကြောင်းအရာကြောင့် အမြန်ပင်...

"ဟုတ်ပါတယ်အရှင်...ဟုတ်ပါတယ်...မနက်ခင်းလမ်းလျှောက်တော့ ကြင်ယာတော်ကင်မ်လဲစိတ်ကြည်လင်နေလိမ့်မယ်...ကြင်ယာတော်ကင်မ်စိတ်ကြည်လင်ပြီး နေထိုင်လို့ကောင်းမှ ဗိုက်ထဲကရင်သွေးလေးလဲ သာသာယာယာရှိမှာပါအရှင်"

သူလျှောက်တင်သည့်စကားအား သူ့ရှင်က သဘောအကျကြီးကျကာ ပါးချိုင့်တို့ရေးရေးပင်ထင်းလာသည်အထိ ပြုံးသည်။ အရှင်ကထုတ်သာမပြောတာ ကြင်ယာတော်ကင်မ်နန်းသွေးလေးရပါပြီဆိုတဲ့နေ့ကတည်းက မျက်နှာကပြုံးစိစိနဲ့ ပိုးမသေတော့တာ ဒီနေ့အထိ။သူအချစ်ဆုံး၊အလေးအထားဆုံး၊အမြတ်နိုးဆုံး ကြင်ယာတော်က သူ့နန်းသွေးကိုလက်ခံရရှိသွားတော့ စိတ်တွေအေးချမ်းသွားတယ်ထင်ပါရဲ့။ အရှင်ဂျွန်ရဲ့မျက်နှာ နဂိုထက်ပင်အရောင်ပိုတောက်လာသလို။

The Love Sleeping Under The Moonlight Where stories live. Discover now