Part 13

1.2K 113 56
                                    

[Unicode]Part 13

ဂယန်းဟိုတောင်ကြားလမ်း။

ညအချိန်မို့ မြင်းနှင့် လှည်းတို့ကိုပုံမှန်မောင်းကာခရီးဆက်လာကြသည့် လူ ဆယ့်ငါးယောက်ခန့်ပါသောအဖွဲ့။ရှေ့ဆုံးမှ မောင်းနှင်သည့် တပ်သားရဲ့ကျောပြင်၌ ချယ်ရီပန်းပုံသဏ္ဍာန်ပါသောအလံအားလွှင့်ထူထားသည့်တုတ်ကိုချပ်ထားသည်။

ဝန်စည်များကိုတင်လာသည့်လှည်းရဲ့ တအီအီအသံက ဂယန်းဟိုတောင်ကြားလမ်းထဲ ဆွေးဆွေးမြည့်မြည့်ပဲ့တင်ထပ်နေ၏။အရှေ့၌သွားနေသည့်မြင်းတစ်စီးက လမ်းကြောင်းမှပြန်လှည့်ကာ သူ့မြင်းဘေးသို့ရောက်လာပြီး အနားမှကပ်လိုက်သည်။

သူ့အားတစ်ခုခုပြောချင်နေဟန်ရတာမို့ အာရုံထားကာမေးဆတ်ပြတော့ ခေါင်း၌ခြုံလာသည့်ပုဝါအနက်အားဖြုတ်ချလျက်...

"တောင်ကြားလမ်းလွန်ရင် 'ဒယ်ရှီ'တွေရဲ့နယ်မြေအရှေ့ကိုဖြတ်ရမှာပါအရှင့်သား...ကျွန်တော်မျိုးတို့ကချီရဲ့အင်ပါယာထဲမှာဆိုပေမယ့် သတိထားရပါလိမ့်မယ်"

ထိုစကားကြောင့် ဆော့ဂျင်းမျက်နှာတည်သွားသည်။ သက်မပင့်လိုက်ကာ...

"ယွန်းကသံတမန်တွေမှန်းသူတို့သိရင်တော့ မလုယက်လောက်ပါဘူး၊မတော်လို့ တိုက်ခိုက်လာရင်လဲ ရှိတဲ့အင်အားနဲ့ပဲဖြစ်ဖြစ် ပြန်တိုက်ခိုက်ရလိမ့်မယ်"

မင်းငယ်က စိတ်ပူဟန်မပြဘဲ အေးဆေးသက်သာစွာသောစကားကို တည်ငြိမ်စွာပြောသည်။ ဒါပေမယ့် တပ်မှုးနိုကတော့ အချိန်မရွေးကျရောက်လာနိုင်သည့် ဒယ်ရှီတွေရဲ့အန္တရာယ်ကြောင့် စိတ်မအေးနိုင်။လက်နက်အပြည့်အစုံပါလာပေမယ့် လူအင်အားနည်းတော့ တစ်ခုခုဆို ကိုယ့်ဘက်ကခံရလိမ့်မယ်မလား။

နေ့ဘက်ဆို သူတို့ဟာ ယွန်းရဲ့သံတမန်အဖွဲ့မှန်း ရှေ့ပြေးတပ်သားဆီမှအလံကိုအဝေးကနေမြင်ရုံဖြင့်သိနိုင်လိမ့်မည်။ယခုကတော့ ညဘက်ကြီးမို့ ကုန်သည်အဖွဲ့ထင်ပြီး တိုက်ခိုက်လုယက်လာမှာမျိုး စိုးရိမ်နေရ၏။

သူတို့ရောက်နေတဲ့ဂယန်းဟိုတောင်ကြားက ချီနဲ့ ဒယ်ရှီတွေကြား ယခုထက်ထိ သူ့နယ်မြေ၊ငါ့နယ်မြေဟုအငြင်းပွား၍ မကြာခနတိုက်ပွဲဖြစ်ကြလေ့ရှိတဲ့နေရာ။တောင်ကြားလမ်းလွန်ပြီး ဂယောင်းဟိုလွင်ပြင်ကိုဖြတ်ရင် စုန့်ကိုရောက်မည်။ သူတို့က စုန့်ရဲ့အနောက်လမ်းမှဝင်ကာ ဆိပ်ကမ်းမှတစ်ဆင့် ကမ်းရိုးအတိုင်း ရေကြောင်းနှင့် အရှေ့ဘက်ရှိယွန်းသို့ပြန်မည်ဖြစ်သည်။

The Love Sleeping Under The Moonlight Where stories live. Discover now