[Unicode]Part 15
Are you under age?
You can skip this part ‼️___________________________
ထယ်ယောင်းလက်ထဲမှအရက်အိုးကိုဆွဲယူသည့်အရှင်ဂျွန်။ရှည်သွယ်သည့်လက်ချောင်းများက အရက်အိုးအား သေချာတွယ်ကုတ်ထားသည်ကြောင့်လွယ်လွယ်နဲ့ဆွဲယူ၍မရ။ ရုန်းရင်းဆန်ခတ်အနေအထားမှာ အိုးထဲမှအရက်တို့က ကြင်ယာတော်ကင်မ်ရဲ့ကိုယ်ပေါ် ဖိတ်စင်ကုန်ကြသည်။
"ယောင်း...အခုချက်ချင်းလွှတ်လိုက်တော့...ဒါအမိန့်ပဲ"
ခွမ်း!!
ပြောလဲပြော အားကုန်သုံးကာ ဆွဲယူလိုက်သည်မို့ ကြင်ယာတော်ကင်မ်ရဲ့လက်ထဲမှအရက်အိုးက လွတ်ထွက်သွားကာ ကြမ်းပြင်ကိုဦးတိုက်၍ ကွဲကြေသွားသည်။
ယခုထက်ထိပင် ထယ်ယောင်းရဲ့လုပ်ရပ်အားနားမလည်နိုင်သေးသည့်အရှင်ဂျွန်က ထယ်ယောင်းအား ခပ်စိမ်းစိမ်းကြည့်နေ၏။အိုးထဲမှအရက် တစ်ဝက်လောက်ဝင်သွားသည့် ကြင်ယာတော်ကင်မ်က မျက်လုံးများရဲတက်ကာ ခြေလှမ်းတို့ယိုင်ကျသည်။
"မယ်မယ်"
"ဖယ်စမ်း"
အထိန်းတော်လီထိန်းဖို့ပြင်ပေမယ့် အထိန်းမခံဘဲတွန်းလွှတ်ပြန်သည်။စားပွဲပေါ်ကျန်နေသည့်အရက်အိုးအား လက်လှမ်းတော့ ဂျောင်ဂုမျက်နှာခက်ထန်သွားရပြီး...
"ဘယ်လိုဖြစ်နေတာလဲကြင်ယာတော်ကင်မ်"
ထိုလက်တို့အားတင်းနေအောင်ဆွဲကိုင်ကာ အပြာရောင်ငယ်ရဲ့ကိုယ်အားသူ့အရှေ့ဆွဲလိုက်သည်။
"ဘာဖြစ်တာလဲ...ဟမ်"
"အရှင်ကရော ဘာဖြစ်ချင်လို့လဲ...ယောင်းရဲ့အရက်အိုးကိုလာလုပြီးတော့..."
သူ့ကိုအော်ကာ ရန်တွေ့သည့်အပြာရောင်ငယ်။အရက်အခိုးအငွေ့ကြောင့် ချက်ချင်းရဲတက်လာသည့်မျက်သားက မျက်ရည်တို့ပင်ခိုတွယ်နေပြီ။
"ယောင်းသောက်လိုက်တာဆန်အရက်အပြင်းအစားတွေဆိုတာသိရဲ့လား...ဘာလို့ရေသောက်သလိုသောက်လိုက်ရတာလဲ..."
"မသိဘူး သိလဲမသိချင်ဘူး...ဒီတိုင်းအရက်သောက်ချင်တာကို အရှင်က ယောင်းအပေါ်နားမလည်ဘူး မွန်းကြပ်လွန်းလို့သေတော့မယ်...ဟင့်"
![](https://img.wattpad.com/cover/342435720-288-k142678.jpg)
YOU ARE READING
The Love Sleeping Under The Moonlight