[Unicode]Part 19
________________
အဖြူရောင်ပန်းဖိနတ်သေးသေးလေးထက် ငွေချည်ဖြင့် ငှက်ပုံကလေးကို စိတ်ရှည်လက်ရှည် ပန်းထိုးနေသည့်ကြင်ယာတော်ကင်မ်။ အာရုံတစ်ခုလုံး ထိုအရာပေါ်တွင် စူးစိုက်ထားကာ ကြည်စင်သည့်မျက်ဝန်းတို့ကလဲ ကြည်နူးခြင်းအတိဖြင့်။
သူကိုယ်တိုင်လဲ ဝေနိုင်ငံရဲ့ကဒေါင်းဖြူအမှတ်အသားပါဝင်သည့် ငွေရောင်ဝတ်စုံကိုဆင်မြန်းထားပြီး အနည်းငယ်ဖောင်းနေသည့် ဝမ်းဗိုက်ကြောင့် ထိုဝတ်ရုံဟာ ကပိုကရို။ သူ့လက်ထဲမှ ပန်းဖိနတ်အဖြူလေးဟာ စင်စစ် သူလွယ်ထားသည့် ဗိုက်ထဲမှ ထိုကလေးငယ်အတွက် ရည်ရွယ်ခြင်းသာဖြစ်လိမ့်မည်။
"ပျော်နေလား"
စိမ်းသက်သည့်အမေးစကားကြောင့် ထယ်ယောင်းမော့ကြည့်လိုက်တော့ သူ့အရှေ့၌ရပ်နေသည့်ထယ်ဟွန်း။ ပန်းထိုးနေသည့်လက်တို့က တန့်သွားခဲ့သည်။ မျက်ဝန်းတစ်စုံဟာလဲအရှေ့မှထယ်ဟွန်းကို ထိတ်လန့်စွာကြည့်မိလျက်။
"ထယ်ဟွန်း"
"အရူးလိုပျော်နေတာလား...အဲဒီကလေးလေးကြောင့်..."
ဖောင်းနေသည့်သူ့ဗိုက်အား မေးငေါ့ကာပြောသည့်ထယ်ဟွန်းကြောင့် ထယ်ယောင်းသူ့ဗိုက်ကို လက်ဖြင့်အလျင်အမြန်ပင်ဖိကိုင်လိုက်သည်။
အရူးလိုပျော်နေသလားဆိုရင် ဟုတ်တယ်။ သူအရူးတစ်ယောက်လိုမျိုးပျော်နေမိတယ်။ အရှင့်ဆီကအရာအားလုံးကိုသိမ်းပိုက်နိုင်တော့မှာမို့ သူပျော်နေမိတယ်။
"ဂျွန်ဘုရင်က...မကောင်းတဲ့လူမှန်းတောင်မသိဘဲ သူနဲ့အတူပျော်ရွှင်နေတယ်...ဟားဟား...သနားဖို့ကောင်းလိုက်တာ"
ထယ်ယောင်း မျက်နှာလေးမော့လိုက်သည်။ ထယ်ဟွန်းက သူ့ကိုလှောင်ပြောင်သရော်သည့်အကြည့်ဖြင့်ကြည့်လာခဲ့၏။
"ငါအရှင်နဲ့အတူပျော်ရွှင်နေလို့ မနာလိုတာလား..."
ခေါင်းကိုခါယမ်းသည့်ထယ်ဟွန်း။ လက်အနောက်ပစ်လိုက်ကာ...
"ငါကမင်းကိုမနာလိုဖြစ်ရအောင် မင်းနဲ့အတူပျော်ရွှင်နေတဲ့ဂျွန်ဘုရင်က ကောင်းတဲ့လူမှမဟုတ်တာ..."
YOU ARE READING
The Love Sleeping Under The Moonlight