မောင့်မျက်ဝန်းညို(၁)

170 14 0
                                    

မိုးရွာပြီးကာစပတ်ဝန်းကျင်ကမမှောင်နေတော့သလိုလင်းလာပြန်တာမျိုးတော့လည်းမဟုတ်၊ နေဝင်သွားပြီးဖြစ်သည့်အတွက် ကောင်းကင်အလင်းသာမှိန်ပျပျကျန်ရစ်သည်။

စားပွဲပေါ်က လုပ်ရန်ကျန်သေးသည့်စာရင်းတစ်ထပ်ကိုခေါင်းကိုက်စွာကြည့်လိုက်မိသည်။

"Shibal အလုပ်တွေကသေအောင်ကိုများနေတာပဲ"

ခဏတာအညောင်းအညာပြေရန် ထိုင်ရာကထပြီးဝရန်တာကိုထွက်ခဲ့လိုက်သည်။
ထိုနေရာကမြင်နေရ‌တဲ့နှင်းဆီပန်းအိုးလေးတွေက တော့ ပြုစုမယ့်သူပြန်အလာကိုစောင့်နေကြသည့်ပုံ။

ထယ်ယောင်းမတွေးချင်တော့ပါ၊ ထိုသူထွက်သွားပြီးထဲက သူ့ရဲ့စိတ်တွေပါတစ်ခါတည်းလိုက်ပါသွားခဲ့တာ။ တော်လောက်ပြီပေါ့ ၊ဒီလောက်နှိပ်စက်ရရင်လေ ။

ပြန့်လွင့်နေသောအတွေးများကိုထယ်‌ ယောင်းလိုက်ဖမ်းမမိခင်မှာပဲ ဖုန်းမြည်လာတာကြောင့်အိမ်ထဲပြန်ဝင်လာခဲ့သည်။

Screen ပေါ်မှာပြနေတဲ့နာမည်က ကိုယ့်ကိုချစ်တဲ့သူ။

"ကိုကို "

ဖုန်းထဲကသူမ့အသံကခပ်စာစာလေးထွက်ပေါ်လာသည်။

"အင်းပြောမီဟယ်"

"ကိုကိုထမင်းစားပြီးပြီလား မီနဲ့အတူတူထွက်စားမလား"

ထယ်ယောင်းအဖြေမပြောရသေးခင်ခေါင်းကအရင်ခါထားပြီးပြီထင်ပါ၏။

"တော်ပြီမီဟယ် ကိုယ်ဗိုက်မဆာဘူးပြီးတော့အပြင်လည်းမထွက်ချင်တော့ဘူး ဒီတစ်ခါတော့မီဟယ်နဲ့မလိုက်ပေးတော့ဘူးနော်"

တိမ်ဝင်သွားသောအသံအရမီဟယ်ဝမ်းနည်သွားမှန်းသိသည်။ မတတ်နိုင်ကိုယ်မှစိတ်မပါတာပဲ။

"အင်းပါကိုကို ရာသီဥတုအေးတယ်ကျန်းမာရေးဂရုစိုက်နော် ချစ်တယ်ကိုကို"

"အင်း"

ဖုန်းချလိုက်သည်။ သူ့ဝန်းကျင်တွင် အင်းဆက်ပိုးကောင်လေးများ၏အသံနှင့် တစ်ဖန်ပြန်လည်အသက်ဝင်လာသောမိုးစက်လေးများအသံသာကြီးစိုးသွား၏။

တစ်ဖက်ကမီဟယ်မှာတော့ထယ်ယောင်းကိုဖုန်းချပြီးသည်နှင့်ထယ်ယောင်းမေမေ့ကိုဆက်လိုက်သည်။

မောင့်မျက်ဝန်းညိုWhere stories live. Discover now