နေရောင်ခြည်နွေးနွေးကလူနာကုတင်ထက်က လူသားငယ်အပေါ်တစ်စတစ်စဖြာကျလာလေသည်။ ကုတင်ဘေးရပ်ကာလက်ပိုက်ရင်းဖြင့်ယွန်းဂီငိုင်နေမိသည်။
"ဖြူဖျော့နေတာပဲမင်းကိုဒီလိုမြင်ရတာကိုယ်မပျော်လိုက်တာ"
မနေ့ညကဟိုဆော့အဖျားတက်လွန်း၍ ဆေးရုံပို့ပေးမည့်သူမရှိသောကြောင့် ဖုန်းနံပါတ်ပေးထားသောdrဆီသို့သာဖုန်းဆက်လိုက်ရခြင်းဖြစ်သည်။ ဖုန်းဆက်ပြီးပြီချင်းအခြေအနေများကိုတော့သူမမှတ်မိတော့သတိမေ့သွား၍ဖြစ်သည်။
ဖျော့တော့နေတဲ့မျက်နှာလေးကို ငေးကြည့်နေစဉ်မှာပဲ မျက်ဝန်းဝိုင်းတွေဖျတ်ခနဲပွင့်လာတာကြောင့်ယွန်းဂီချက်ချင်းပြုံးပြလိုက်မိသည်။
"နိုးလာပြီလား နေသာသွားပြီလား"သူ့မျက်နှာကိုကြည့်ရင်းမျက်ရည်တွေဝဲတက်လာတဲ့ကောင်လေးကြောင့်ဘာလုပ်ရမှန်းမသိထိတ်ပျာသွားသူကယွန်းဂီ
"မငိုပါနဲ့ဘာဖြစ်လို့လဲဘယ်နားနာလို့လဲကိုယ့်ကိုပြောလေ"
သူ့ဘေးဝင်ထိုင်ကာလက်ဖဝါးလေးကိုဆုပ်ကိုင်ရင်းမေးတော့ခေါင်းခါပြကာ
"မနာပါဘူး ကျွန်တော်သေပြီထင်နေတာ Drကျေးဇူးကြောင့် ပဲအသက်ရှင်ရတာကျေးဇူးတင်လွန်းလို့ပါ "
ယွန်းဂီကိုလက်အုပ်လေးချီရင်းကျေးဇူးတင်စကားပြောနေတဲ့အနှီလူသားကြောင့် ရင်အစုံဟာကြည်နူးမှုနှင့်အတူပျော်ရွှင်ခြင်းပါရောထွေးလျှက်
"ဟာ ရပါတယ် ဟိုဆော့အဆင်ပြေတာပဲကိုယ်ကမြင်ချင်တာပါ ရတယ်မလိုဘူး အခု အစာစားရအောင် ကိုယ် ဆန်ပြုတ်ပြင်ထားပေးတယ်"
ယွန်းဂီကပြောရင်းသူနာပြုဟော ဝယ်လာပေးသည့် ဆန်ပြုတ် ပူပူလေးကိုပန်းကန်ထဲပြောင်းထည့်ကာ ဟိုဆော့အနားပြန်သွားလိုက်သည်။
ခွံကျွေးမည်လုပ်တော့ သူကလေးကငြင်းရှာသည်။
"ရပါတယ်ကျွန်တော့်ဘာသာစားလို့ရပါတယ် ကျေးဇူးပါဗျ"
အသာပြုံးပြတဲ့ဟိုဆော့ကိုယွန်းဂီက ငေး၍သာကြည့်နေလိုက်တော့သည်။
YOU ARE READING
မောင့်မျက်ဝန်းညို
Fanfictionပျော်ရွှင်ခြင်းကရယ်သံကရတယ်၊ရှင်သန်ခြင်းကမောင့်အပြုံးကြောင့်တဲ့၊ဗီးနပ်စ်ကပြောတယ် ထာဝရကခဏပါပဲတဲ့