မျက်ခွံများပေါ်သို့ကျူးကျော်လာသောအပူဓာတ်ကြောင့် ထယ်ယောင်းမျက်လုံးဖွင့်ကြည့်လိုက်တော့အစိမ်းသက်သက်ဖြစ်နေသည့်အခန်းတစ်ခု
မှန်ပြတင်းမှထိုးဖောက်ဝင်ရောက်လာသောနေရောင်ခြည်သည်အခန်းတွင်းသို့များစွာသော အလင်းပေးနေပုံအရ မနက်မှာအတော်မိုးလင်းနေပြီဖြစ်ကြောင်းသိလိုက်ရ၏။
ညကဖြစ်ခဲ့သည့်ကိစ္စအဝဝအားမည်သို့မျှပြန်တွေးမရဖြစ်နေစဉ်တွင် အခန်းဝမှပေါ်လာသောလူကြောင့် မျက်ခုံးတို့မှာတွန့်ချိုးသွားရသည်။
"လူကြီးမင်း နိုးနေပြီလားဗျ"
မျက်စိရှေ့ရှိအနှီကောင်လေးသည် သူအမြဲသောက်နေကျBar မှာ Bartender ဖြစ်မှန်းကိုတော့ရိပ်ကနဲမှတ်မိလိုက်ပါ၏။
"ငါကဒီကိုဘယ်လိုရောက်နေတာလဲ"
ဂျီဟွန်းသည် ပေါ့ပါးသောအပြုံးလေးကိုမျက်နှာထက်ဖော်ဆောင်ရင်း ကော်ဖီတစ်ခွက်အားထယ်ယောင်းလက်ထဲကမ်းပေးကာ အကြောင်းအကျိုးရှင်းပြလိုက်၏။
"မနေ့ညကလူကြီးမင်းအရမ်းမူးနေပြီးတော့ ကျွန်တော့်ကိုကားမောင်းပေးဖို့ပြောတယ်လေ လူကြီးမင်းရဲ့အိမ်ကိုလည်းကျွန်တော်မေးလို့မရတော့တာနဲ့ကျွန်တော့်အိမ်ပဲခေါ်လာလိုက်တာပါ"
ထယ်ယောင်းသည် ကိုယ့်ကိုယ်ကိုတစ်ခုခုလွဲမေသည်ဟုခံစားရသော်လည်းဘာဆိုဘာမျှတစ်ခုတစ်လေပင်အစဖော်စဉ်းစားမရသည့်အတွက်ထိုကောင်လေးပြောသည့်အတိုင်းပင်ဖြစ်မည်ဟုတွေးထင်လိုက်၏။
"အော် ကျေးဇူးပါ နောက်မှအစ်ကို မင်းကို Bonusပေးမယ် အခုတော့ကိုယ်နောက်ကျနေပြီမို့သွားလိုက်အုံးမယ် "
ထယ်ယောင်းသည်ပြောရင်းကာပင် ဂျီဟွန်းပေးသည့်ကော်ဖီကိုစားပွဲခုံပေါ်သို့တင်ကာ အဝတ်အစားများကိုသပ်သပ်ရပ်ရပ်ဖြစ်စေရန် ပြန်လည်ပြုပြင်ကာ အခန်းထဲမှထွက်လာခဲ့လိုက်တော့၏။
ဂျီဟွန်းမှာမောင်းထွက်သွားသောကားကိုမမြင်ရတော့သည်အထိငေးကြည့်ပြီးနောက်တွင်မှထယ်ယောင်းချန်ထားခဲ့သောကော်ဖီခွက် ကို ယူကာဘေစင်တွင်သွန်ပစ်လိုက်၏။ ဖျော်ထားသည်မှာမည်မျှပင်မကြာသေးသော်လည်း ကော်ဖီမှာအေးစက်စပြုနေပြီဖြစ်သည်။
YOU ARE READING
မောင့်မျက်ဝန်းညို
Fanfictionပျော်ရွှင်ခြင်းကရယ်သံကရတယ်၊ရှင်သန်ခြင်းကမောင့်အပြုံးကြောင့်တဲ့၊ဗီးနပ်စ်ကပြောတယ် ထာဝရကခဏပါပဲတဲ့