မောင့်မျက်ဝန်းညို(၁၀)

88 14 2
                                    

"မောင်ရေ"

မိုးစင်စင်လင်းနေပြီဖြစ်သော်လည်းအိပ်ခန်းထဲကထွက်လာခြင်းမရှိသေးသည့်ထယ်ယောင်းကိုမီးဖိုချောင်ထဲမှဟိုဆော့လှမ်းခေါ်လိုက်သည်။

"အိပ်ရာမထသေးဘူးလားမသိဘူး ဒီလူကြီးကတော့ "
ဟိုဆော့ရေစိုနေတဲ့လက်ကိုအဝတ်နဲ့သုတ်ပြီးအိပ်ခန်းထဲ ဝင်သွားကြည့်တော့ထင်တဲ့အတိုင်းစောင်တွေနဲ့လုံးထွေးနေဆဲဖြစ်သည့်ချစ်ရပါသောဝက်ဝံကြီး

"ထတော့ မနက်စာတောင်အကုန်ပြင်ဆင်ပြီးပြီ"

ထယ်ယောင်းကိုယ်ပေါ်ကိုဟိုဆော့တက်ဖိလိုက်ရင်းနဖူးလေးကိုဖွဖွနမ်းလိုက်သည်။

"မနာလိုစရာကောင်းအောင်အိပ်ရာနိုးစတောင်ချောမောနေတာပဲ ထတော့ထတော့ ဟင်းတွေအေးကုန်တော့မယ်"

"အင်း.. အင် ထပြီး",

"ဂီးး"

ထယ်ယောင်းကုတင်ပေါ်ငုတ်တုတ်ထိုင်လိုက်စဉ်မှာပဲမြည်လာတဲ့ဖုန်း

"ဟယ်လို..ဘယ်သူလဲ"

"ငါ နင့်အမေ"

အမေ့အသံကအိပ်ရာနိုးစထူထူထိုင်းထိုင်းဖြစ်နေတဲ့နားထဲသို့  သံပုံးကြီးတီးခတ်လိုက်သကဲ့သို့စီကနဲဝင်လာသည်။

"အော်အမေဘာကိစ္စရှိလို့လဲ"

"နင်ကိုရီးယားမှာဆိုတာငါသိတယ် နင်ဘာတွေလုပ်နေလဲဆိုတာလည်းသိပြီးပြီအခုချက်ချင်းအိမ်ပြန်လာခဲ့တော့"

ကုတင်ဘေးမတ်တပ်ရပ်ကာဟိုဆော့ကတော့စိုးရိမ်သည့်မျက်ဝန်းများနှင့်ကြည့်နေလေသည်

ထယ်ယောင်းကုတင်ပေါ်မှထကာ ဟိုဆော့ပါးကိုတစ်ချက်နမ်းလိုက်သည်။

"ဘာမှမဖြစ်ဘူးမစိုးရိမ်နဲ့"
ဟိုဆော့ကခေါင်းငြိမ့်ပြသည်

"ဟဲ့ကင်မ်ထယ်ယောင်းဘယ်သူလဲ နင့်ဘေးမှာ ဟိုကောင်မဟုတ်လား "

"ဟုတ်တယ် သူ့ကိုဟိုကောင်လို့မခေါ်နဲ့ သူ့နာမည်ဂျောင်ဟိုဆော့ ပြီးတော့ကျွန်တော့်ရဲ့အမျိုးသား"

သားဖြစ်သူနှုတ်ကထွက်လာသောစကားတွေကြောင့်ဒေါသများငယ်ထိပ်အတိဆောင့်တက်လာသလိုပင်။

မောင့်မျက်ဝန်းညိုWhere stories live. Discover now