"အတိတ်နေရောင်ခြည်များဆီသို့ပြန်သွားခြင်း"
"တင်းတောင်.. တင်းတောင်.."
အိမ်တံခါးဝမှအဆက်မပြတ်ဘဲလ်တီးသံကြောင့် အိပ်ရာထဲမှဟိုဆော့မထချင်ထချင်ဖြင့်ထကာအောက်ဆင်းလာခဲ့ရသည်။
လက်ကတံခါးဖွင့်ပေးသည်နှင့်အညီ ပါးစပ်မှလည်း ပွစိပွစိရွတ်လျှက်
"မေမေတို့ကလည်းဘယ်သွားနေတာလဲမသိဘူး ဘယ်ရောက်နေကြမှန်းကိုမသိဘူး ဘယ်သူပါလဲ"
အိမ်တံခါးဝမှမြင်လိုက်ရသောသူကြောင့်ဟိုဆော့မှာပါးစပ်အဟောင်းသားဖြစ်လျှက်
"အမ် ကင်မ်ထယ်ယောင်းရှီ"
မိမိရှေ့တွင်ရပ်နေသူသည် အညိုရောင်ဆွယ်တာနှင့် အနက်ရောင်ဘောင်းဘီတိုကိုဝတ်ဆင်ထားကာအပြင်ကလေအေးများကိုဂရုမပြုသည့်ဟန်ပန်
"ခြံတံခါးကဒီတိုင်းပွင့်နေတာနဲ့ကိုယ်ဝင်လာလိုက်တာ စိတ်မရှိဘူးမလား ကလေး?"
ယခုမှ အိပ်ရာကလောလောလတ်လတ်ထလာသည့်ဟိုဆော့မှာ အိပ်မှုန်စုံဖွားမျက်နှာဖြင့်ပင်ရှိနေသေးသည်ကိုသတိရသွားသဖြင့် ထယ်ယောင်းကိုအမြန်အိမ်ထဲဝင်ထိုင်ခိုင်းလိုက်ကာသူကတော့ မျက်နှာသွားသစ်ရန်အိမ်ပေါ်ထပ်ပြေးတက်သွားတော့သည်။
"ဝင်ထိုင်ပါအုံး ကျွန်တော်မျက်နှာသွားသစ်လိုက်အုံးမယ်"
"အင်း"
ဟိုဆော့မျက်နှာသွားသစ်နေသည့်အချိန်တွင် ထယ်ယောင်းမှာဟိုဆော့တို့အိမ်ကလေး၏အခင်းအကျင်းကို လှည့်ပတ်ကြည့်ရှုနေမိသည်။
ဧည့်ခန်းတွင် ပန်းပုံပန်းချီကားများအပြင် ဓာတ်ပုံများကိုလည်းအစီစဉ်တကျချိတ်ဆွဲထားသည်။
ဓာတ်ပုံများကိုလိုက်ကြည့်နေရင်းမှ ထိုဓာတ်ပုံတစ်ပုံအားမြင်သွားသော ထယ်ယောင်း၏နှုတ်ခမ်းပါးမှာတွန့်ကွေးရုံပြုံးသွားရ၏။
ဓာတ်ပုံလေးမှာကောင်လေး ငယ်ငယ်ကပုံဖြစ်ဟန်တူသည်။ ကစားကွင်းရှိ ဝက်ဝံရုပ်တုကြီးရှေ့တွင်အဝါရောင်ဘောလုံးလေးကိုင်လျှက်လက်နှစ်ချောင်းထောင်ကာပို့စ်ပေးနေသော ကလေးငယ်မှာ အခုထိငယ်ရုပ်မပျောက်သည့်ပုံ။
YOU ARE READING
မောင့်မျက်ဝန်းညို
Fanfictionပျော်ရွှင်ခြင်းကရယ်သံကရတယ်၊ရှင်သန်ခြင်းကမောင့်အပြုံးကြောင့်တဲ့၊ဗီးနပ်စ်ကပြောတယ် ထာဝရကခဏပါပဲတဲ့