ထယ်ယောင်းအမေနဲ့နောက်ဆုံးတွေ့ပြီးတဲ့ရက်မှစ၍ အိမ်ကပေးထားသော ဘဏ်ကဒ်၊ ကားနဲ့ နာရီကိုပါ အိမ်မှာထားခဲ့ပြီး Luggage ထဲအဝတ်သုံးလေးစုံပစ်ထည့်ပြီး ထွက်လာခဲ့သည်။
ထယ်ယောင်းရဲ့ထွက်စာကိုဦးလေးဖြစ်သူကတော့ အံတကြိတ်ကြိတ်နဲ့ပဲယူလိုက်ရသည်။
စိတ်ထဲမှာတော့အတော်လေးကိုထိုးချင်နေသည်မှာအသေအချာ။
Taxiနဲ့ ချစ်ရသူလေးရှိရာတိုက်ခန်းကိုအထုပ်ဆွဲပြီးဆင်းလာခဲ့တော့သည်။ အမေကတော့ အခန်းထဲကထွက်လာခြင်းတောင်မရှိ။
ထယ်ယောင်းစိတ်ထဲအမေလက်လျှော့လိုက်ပြီဟုတွေးလိုက်မိသည်။
"အချစ်လေးရေ"
ဟိုဆော့ကိုအော်ခေါ်လိုက်တော့ အေပရွန်ဝတ်ပြီး ယောက်မတစ်ချောင်းကိုင်လျှက် ပြေးထွက်လာသည်။
"မောင့်ကလေးလေးကဟင်းချက်နေတာလား"
"ဟုတ် မောင်နဲ့ကျွန်တော်စားဖို့လေ မောင်ဘာမှမစားရသေးဘူးမဟုတ်လား"
"အွန်း "
"အိမ်ကရောဘယ်လိုလဲ မောင့်ကိုထိုးသေးလားပြပါအုံး"
အစိုးရိမ်ကြီးတတ်တဲ့ဟိုဆော့ကတော့ထယ်ယောင်းကိုဟိုဘက်လှည့်သည်ဘက်လှည့်စစ်ဆေးကြည့်ရှုလိုက်သေးသည်။
"ဘာဆိုဘာမှဖြစ်မလာပါဘူးကွာ အမေကထွက်တောင်မတွေ့တော့ဘူး"
ထယ်ယောင်းကစိတ်ညစ်သလိုပြောပြီးဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။စိတ်ပင်ပန်းနေပုံရတဲ့ထယ်ယောင်းကိုဟိုဆော့လုပ်ပေးနိုင်တာတစ်ခုကတော့ပွေ့ဖက်ပြီးကျောပြင်လေးကိုခပ်ဖွဖွပုတ်ပေးတာပါပဲ။
"အဆင်ပြေသွားမှာပါ အဆင်မပြေလည်းကျွန်တော်ရှိတယ်နော်",
ထယ်ယောင်းလည်းဟိုဆော့ကိုယ်ကလေးကိုပြန်ဖက်တွယ်ပြီး လည်ပင်းလေးမှာမျက်နှာအပ်ထားလိုက်တယ်။
"မင်းအနံ့လေးက Lemon tea နွေးနွေးလေးလိုပဲ
ကြည်လင်စေတယ် တစ်ချိန်တည်းမှာလည်းနွေးထွေးသွားစေပြန်တယ် ""မောင်သဘောကျလား"
"အွန်း ကိုယ်သေရမယ့်နောက်ဆုံးအချိန်
တစ်ခါပဲအသက်ရှုရတော့မယ်ဆိုရင်တောင်မင်းအနံ့လေးကိုပဲရသွားချင်တယ် အဲ့လောက်ထိ ကိုယ် မင်းကိုချစ်တယ်"
YOU ARE READING
မောင့်မျက်ဝန်းညို
Fanfictionပျော်ရွှင်ခြင်းကရယ်သံကရတယ်၊ရှင်သန်ခြင်းကမောင့်အပြုံးကြောင့်တဲ့၊ဗီးနပ်စ်ကပြောတယ် ထာဝရကခဏပါပဲတဲ့