မောင့်မျက်ဝန်းညို(၉)

66 8 3
                                    

"ဟယ်လို.."

တစ်ဖက်မှသူသည်ရုတ်တရက်စကားပြန်မပြောစက္ကန့်ပိုင်းမျှကြာသည့်အချိန်တွင်မှ တုန်ရီနေသောအသံဖြင့်ပြန်ပြောလာ၏။

"သားငယ် .. သားငယ်‌ ဆော့ကီဟုန်း"

"ဟုတ်ပါတယ်ဖေဖေ ကျွန်တော်ဟိုဆော့ပါ"

"ဖေကြီးလွမ်းနေတာကလေးရယ် ခုဘယ်မှာလဲ သားအမေလည်းသားကိုတအားတွေ့ချင်နေတယ်"

အိမ်မှအခြေအနေတစ်ခုကြောင့်ထွက်သွားရကြောင်းတောင်းပန်စာတစ်စောင်သာရေး၍ထွက်သွားကာ မည်သည့်နေရာတွင် ရှိနေခဲ့မှန်းမသိသောသားကအကြာကြီးကြာမှ ဖုန်းဆက်လာတော့ Mr.Jungမှာ မျက်ရည်ပင်ဝဲတဲတဲ

"သားလည်းတွေ့ချင်ပါတယ်ဖေကြီးရယ် ဒါပေမယ့်အခြေအနေတွေအရဒီအတောအတွင်းသားမလာခဲ့တာ ဆော့ကီကိုခွင့်လွှင့်ပါနော်ဖေကြီး"

"ခွင့်လွှတ်တာပေါ့ကွာ အဖေ့သားငယ်ကိုအဖေကခွင့်လွှတ်ထားပြီးသားပါ ခုသားဘယ်မှာလဲ အဖေလာတွေ့မယ်လေ "

"သားအခုဆိုးလ်ပြန်ရောက်နေပြီအဖေ"

"ဟေ.. ဟုတ်လား နေရာပြော အဖေအခုလာခဲ့မယ် တစ်ယောက်တည်းလား အဖေလာကြိုမယ်"

"မဟုတ်ဘူးအဖေ မောင်နဲ့ပါ"

"မောင်ဆိုတော့ ထယ်..ထယ်ယောင်းလား"

"ဟုတ်ပါတယ်အဖေ မောင်က ကျွန်တော့်ကိုလာပြန်ခေါ်ခဲ့တယ်အဖေ မောင်လေကျွန်တော့်ကိုသူမမေ့သွားဘူး ကျွန်တော်ပျော်လိုက်တာလေ
ဟီး"
ပြီးတော့ ညနေကျရင် မောင်နဲ့အတူအိမ်ကိုလာခဲ့မယ်နော်အဖေ မေမေ့ကိုကြိုမပြောထားနဲ့နော် suprise လုပ်ချင်လို့"

ဖုန်းတစ်ဖက်မှရွှင်ပြုံးနေမည့်မျက်နှာလေးကိုမြင်ရင်း Mr.Jung ကြည်နူးရပါသည်။
တစ်ဦးတည်းသောသားငယ်လေးမို့ ထိုသားငယ်လေး စိတ်ချမ်းသာလျှင် ကမ္ဘာကြီးတွင်အပျော်ရဆုံးသူကဒီအဖေပင်ဖြစ်လေသည်။

"အဖေကြားရတာဝမ်းသာလိုက်တာသားရယ် သား အမေလည်းသားပြန်ရောက်နေတာသိရင်ဘယ်လောက်ပျော်လိုက်မလဲ အဖေခုပဲသွားပြေးပြောချင်ပေမယ့် သားက suprise လုပ်မယ်ဆိုတော့လည်း အောင့်ထားလိုက်အုံးမယ်ဟေ့ ဟားဟား"

မောင့်မျက်ဝန်းညိုWhere stories live. Discover now