မောင့်မျက်ဝန်းညို(၇)

66 12 0
                                    

စက်ရုံအပြင်ဘက်တွင်ရှိနေသောအရာများအားသည်းကွဲစွာမမြင်ရသည်အထိ အားကောင်းစွာရွာ‌သွန်းနေသောမိုးကြောင့် ဟိုဆော့ စိတ်ညစ်ညူးစွာ သက်ပြင်းချလိုက်မိသည်။

အခါလွန်မိုးတွေသည် သတိရစိတ်ကိုပိုတိုးစေသည်လေ။

"ဟိုဆော့ရေ ‌မပြန်သေးဘူးလား မိုးကလည်းကြီးတာနဲ့"

"ဟုတ်Hyung အခုပဲပြန်တော့မှာ မိုးများစဲသွားမလားလို့ခဏစောင့်ကြည့်နေတာ"

"အေကွာ မိုးကလည်း ဒီနေ့မှ သည်းကြီးမည်းကြီးကိုရွာနေတော့တာပဲ မိုးကာပါရဲ့လား မပါရင်ငါ့မှာအပိုတစ်ခုရှိတယ်ယူသွား"

"ပါတယ် Hyung ကျေးဇူးပါပဲဗျ"
"အေအေ ငါတော့ပြန်တော့မယ် ဒီထက်မမှောင်ခင်ပြန်တော့ဟိုဆော့ ဟုတ်ပြီလား"

"ဟုတ်ကဲ့ ‌ဂရုစိုက်ပြန်ပါခင်ဗျ"

စီနီယာအကိုကြီးကနှုတ်ဆက်စကားဆိုပြီး ပြန်သွားတော့သည်။

ဟိုဆော့လည်း စဲမည့်ဟန်မပြပဲ ပိုလို့ပင်သည်းမည့်ပုံသာ ပေါ်လာသောမိုးကြောင့် မိုးကာဝတ်ကာ အိမ်ပြန်လာခဲ့တော့သည်။

လမ်းတစ်လျှောက်တွင် လူနှစ်ဦးသုံးဦးသာတွေ့ရပြီး
ခပ်မြန်မြန်သာသွားလာနေကြသည်။
ဟိုဆော့အိမ်သို့ပြန်ရာလမ်းသည် ပုံမှန်အချိန်တွင်မသိသာသော်လည်း ယခုကဲ့သို့မိုးကြီးနေသည့်အချိန်များတွင်တော့ သစ်ပင်ကြီးများရှိသည့်အတွက်အမှောင်ရိပ်ပိုကြီးစိုးလေသည်။

ဟိုဆော့လည်း အိမ်သို့အမြန်ရောက်ချင်ဇောဖြင့် မြန်မြန်သုတ်သုတ်ပြန်နေစဉ်တွင် လမ်းမဘေး သစ်ပင်ကြီးအကွယ်မှရုတ်တရက် ထွက်ပေါ်လာသောလူရိပ်ကြောင့် လန့်ကာရပ်တန့်လိုက်မိသည်
"ဟိတ်ကောင်လေး မင်းတစ်ယောက်တည်းလား"
အသံခပ်ကြီးကြီးနှင့်ဟိုဆော့ထက်အသက်အများကြီးကြီးလောက်မည့်လူကြီး တစ်ယောက်ဖြစ်နေသည်။

"မ..မဟုတ်ဘူး နောက်မှာသူငယ်ချင်းပါတယ်
"ဟားဟား မလိမ်ပါနဲ့ကွာ မင်းဟိုလမ်းထိပ်မှာတည်းက တစ်ယောက်ထဲလျှောက်လာတာမှန်းငါသိပါတယ် ပြီးတော့မင်းတစ်ယောက်တည်းနေတာမလား"

မောင့်မျက်ဝန်းညိုWhere stories live. Discover now