ဟိုဆော့နှင့်ထယ်ယောင်းတို့ရဲစခန်းမှထွက်လာတော့ မည်သည့်စကားမျှမဆိုမိဘဲတိတ်ဆိတ်စွာ အနေရခက်နေမိသည်။
5နှစ်ကြာပြီးမှပြန်နီးကပ်ရသောလေထုကနွေးထွေးပေမယ့် တစ်မျိုးတစ်မည်သောစိုးရိမ်စိတ်တွေလည်းရောယှက်နေသည်။"ဟိုဆော့"
မောင့်ခေါ်သံကြောင့်သွားလက်စခြေလှမ်းတွေကိုရပ်တန့်လိုက်ကာ လှည့်ကြည့်လိုက်သည်။"မောင့်ကိုဘာမှမပြောတော့ဘူးလား"
ဟိုဆော့မျက်ဆံလေးလှုပ်ခတ်ကာ နှုတ်ခမ်းတို့တုန်ရင်၍ မပြောချင်သည့်စကားကိုပြောရဘိကဲ့သို့ ထစ်ငေါ့စွာပြောလာ၏။
"မောင်ပြန်တော့လေ ကျွန်တော်အဆင်ပြေပါပြီ"
ထယ်ယောင်းမျက်ခုံးများတွန့်ချိုးကာ ခြေထောက်နားရှိမြေခနေသောသစ်ရွက်အားလေထဲလွင့်သွားရန်ကန်ထုတ်လိုက်မိသည်။
"ဆော့လေး မင်းတကယ်ပဲမောင်ဒီကိုဘာလို့ရောက်နေတယ်ဆိုတာမသိဘူးလား ဒါမှမဟုတ် မင်းမသိချင်ယောင်ဆောင်နေတာလား"
မဟုတ်ရကြောင်းရှင်းပြချင်ပေမယ့်ညှိုးငယ်နေသောအဖေ့မျက်နှာကိုမြင်ယောင်မိသည်။
ထယ်ယောင်း ဟိုဆော့ကိုဆွဲဖက်၍မျက်ရည်များကျလာသည်။
"မောင်မင်းကိုလက်မလွှတ်နိုင်ဘူး မောင်နဲ့ပြန်လိုက်ခဲ့ပါ မောင့်ဘဝထဲပြန်ဝင်လာခဲ့ပေးပါ "
ထယ်ယောင်းရင်ခွင်ထဲမှဟိုဆော့သည်လည်းမျက်ရည်များဖြင့်ပင်။
"ဒါ.. ဒါပေမယ့်မောင် ကျွန်တော်နဲ့မောင်ကမဖြစ်နိုင်ဘူးလေ မောင်လည်းသိရဲ့သားနဲ့"
ရီဝေနေသောမျက်ဝန်းညိုတွေကိုတွေ့တော့ ထိန်းချုပ်ထားတဲ့စိတ်အစုံကိုလွှတ်ချချင်လာသည်။
ဂျောင်မိသားစု၏ သားတစ်ဦးအနေဖြင့်မဟုတ်ဘဲ ဂျောင်ဟိုဆော့ဟူသောလူသားတစ်ယောက်အဖြစ်သာမောင့်ကိုချစ်ချင်လာသည်။"ဒီတစ်ခါတော့ကိုယ် မင်းကိုလက်လွှတ်တော့မှာမဟုတ်ဘူး ဘယ်သူကမှလည်းကိုယ့်ဆီကနေမင်းကိုယူသွားခွင့်မပြုဘူး ဘယ်သူကမှလည်းမင်းကိုကိုယ့်ဆီကနေထွက်မသွားခိုင်းစေရဘူး ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကိုယုံကြည်ပေးပါ အချစ်ရယ် "
YOU ARE READING
မောင့်မျက်ဝန်းညို
Fanfictionပျော်ရွှင်ခြင်းကရယ်သံကရတယ်၊ရှင်သန်ခြင်းကမောင့်အပြုံးကြောင့်တဲ့၊ဗီးနပ်စ်ကပြောတယ် ထာဝရကခဏပါပဲတဲ့