"ကျွန်တော်ဟာလူငယ်တစ်ယောက်ပါ ၊ချစ်ချင်ပါတယ် ၊အချစ်ခံချင်ပါတယ် ၊ စည်းတွေဘောင်တွေကြားကနေပြီးမောင့်ရဲ့လက်ကိုတွဲချင်ပါတယ်"
18.12.18
(ဟိုဆော့၏လွယ်အိတ်ထဲမှ မောင်တွေ့ခဲ့ရသောစာ)
............................................................................နှင်းမြူ တွေဝေ့ဝဲကာဆိုင်းနေသောမနက်ခင်းက လူကိုလေးပင်စေသည်။ ပိတ်ထားသည့်တံခါးကြားက နေပြောက်ကလေးတွေတိုးထွက်လာပုံကပျော်ရွှင်မှုတွေဘဝထဲကအတင်းရုန်းကန်ထွက်ခွာသွားသည်နှင့်တူသည်။ အခြားသူများအတွက်တော့မနက်ခင်းများသည်လန်းဆန်းစွာ ထကြွကြရမည့်အချိန်အခါဖြစ်သော်လည်း သူ့အတွက်ကတော့ မနက်ညဆိုသည့်အချိန်များသည်လည်းထင်သလောက်အရေးမပါတော့ ။ တစ်စစီကျိုးပဲ့နေသည့်လူဖြစ်လို့ထင်ပါရဲ့ ။
ငါးနှစ် ငါးနှစ်တောင်ရှိခဲ့ပြီလေ ကလေးငယ်လေးရယ် စိမ်းကားရက်လွန်းလိုက်တာ တစ်ချက်ကလေးတောင်လှည့်မကြည့်ခဲ့ဘူး ။ အင်း ဒါမှမဟုတ် သူကသွားပြေးမခေါ်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။ ကင်မ်ထယ်ယောင်းဆိုတဲ့ကောင်က သူများတွေပြောသလို သူရဲဘောကြောင်နေတဲ့ကောင်ပဲ ဖြစ်မှာပါ။
"I wish you would love me again"
ကိုယ်လုံးပေါ်မှန်ရှေ့ အလုပ်သွားရန်ဝတ်စုံလဲနေတုန်း ဖုန်းမြည်လာတာကြောင့် ဖုန်းကိုပခုံးနဲ့ညှပ်ကိုင်ပြီးဘောင်းဘီဆက်ဝတ်နေလိုက်သည်။
"အင်းပြော "
"ကိုယ်ဒီနေ့မအားဘူး"
"နောက်နေ့မှသွားလို့မရဘူးလား"
"တော်ပြီမီဟယ် ကိုယ်မလာဘူး မင်းကြိုက်သလိုသာလုပ်"
ဖုန်းကိုကုတင်ပေါ်ဘုတ်ခနဲပစ်တင်လိုက်ကာ စားပွဲပေါ်ကစီးကရက်ကိုယူပြီး တစ်ဖွာနှစ်ဖွာကောက်ဖွာလိုက်မှ ဒေါသစိတ်ကအတန်ငယ်လျော့သွားသယောင်
သူနေထိုင်ရာမြို့စွန်ကသစ်သားအိမ်လေးကနေ အလုပ်ရှိရာမြို့ထဲသို့ နာရီဝက်ခန့်ကားမောင်းရသည်။
အိမ်ကြီးအိမ်ကျယ်နဲ့ တစ်ကိုယ်တည်းဆက်နေရလျှင် ရူးသွားမည်ကို ခံစားလာရသောကြောင့် တစ်ချိန်က ချစ်ရသူနဲ့အတူတူရှိဖူးတဲ့ဒီအိမ်ကလေးကို မရမကပြောင်းခွင့်တောင်းကာအထုပ်ဆွဲထွက်လာခဲ့ခြင်းဖြစ်၏။
YOU ARE READING
မောင့်မျက်ဝန်းညို
Fanfictionပျော်ရွှင်ခြင်းကရယ်သံကရတယ်၊ရှင်သန်ခြင်းကမောင့်အပြုံးကြောင့်တဲ့၊ဗီးနပ်စ်ကပြောတယ် ထာဝရကခဏပါပဲတဲ့