Unicode
မြို့ပြကြီးရဲ့ညဘက်အချိန်ဟာ ဆယ်ကျော်သက်နှင့် ၂၀ကျော်အရွယ်တို့ရဲ့ ပျော်ပါးချိန်လို့ဆိုရမလား။
ရှုပ်ထွေးတဲ့လမ်းမကြီးထက်မှာ အရောင်အသွေးစုံတဲ့ဒီဇိုင်းနဲ့ လူငယ်တွေဟာအများအပြား။
လွတ်လပ်ပွင့်လင်းသောနိုင်ငံဖြစ်သည့်အလျောက် အပြောအဆို၊ အပြုအမူတို့ဟာလဲ ပွင့်လင်းစွာပင်။ထိုများပြားလှသောလူတွေကြားထဲမှာ ပခုံးထိရှည်နေသောဆံပင်ကို အပြာနှင့်အဝါဖောက်ဆိုးထားကာ တစ်ဝက်ကိုစည်းထားသောလူငယ်ဟာ အထင်ပေါ်ဆုံးဖြစ်နေမလားလေ။
အရမ်းဂဂျိုးဂဂျောင်နိုင်လှသော အရောင်နှစ်ရောင်ကို တွဲစပ်ဆိုးထားပေမယ့် ထိုလူငယ်ရဲ့ချောမောမှုအရှိန်အဝါတွေဟာ ပျက်ပြယ်မသွားပဲ လိုက်ဖက်နေမှုဟာ ဩချစရာ။
ရာသီဥတုကပူနွေးနေတာကြောင့် ဂျိုင်းပြတ်အင်္ကျီအနက်ကို ဂျင်းဘောင်းဘီအရှည်ထဲထည့်ဝတ်ကာ ဂစ်တာအိတ်ကိုလွယ်ထားပုံက မြင်လိုက်ရသူတိုင်း နှစ်ခါထက်မနည်း လည်ပြန်ကာကြည့်ကြသည်သာ။ ဘယ်ဘက်လက်တစ်ချောင်းအပြည့် တက်တူးတွေကလဲ အရှိန်အဝါတွေကို ထပ်ဖြည့်ပေးနေသယောင်။ထိုလူငယ်ကတော့ ဘယ်သူ့ကိုမှဂရုမစိုက်၊ အကြည့်တွေအားလဲနေသားကျနေသည့်အလျောက် လမ်းသွားနေရင်း သူငယ်ချင်းတွေနဲ့စကားပြောလိုက် ဘီယာဘူးကိုမော့လိုက်နှင့် အေးဆေးပင်။
“ငါဒီညတော့တစ်ပုဒ်ပဲ"
“ဘာလို့လဲ နှစ်ပုဒ်အမြဲဆိုနေပြီးတော့
ဂျာကြီးက မင်းကိုပွမ်လိမ့်မယ်"“ဂရုစိုက်ရမှာလားငါက
လုပ်စရာရှိတယ်ဒီနေ့ အားမနေဘူး"“ဘာလုပ်စရာလဲ ကောင်မလေးနဲ့လစ်မို့လား"
“ချီးကိုလစ်
ငါကကောင်မလေးတွေကြိုက်တယ်လို့ပြောမိလား"“ဒါဆို မေးခွန်းပြောင်းမယ်
ကောင်လေးနဲ့လစ်မို့လား"“အတွေးကိုခေါင်းထဲကထုတ် နှာခေါင်းထဲကထုတ်မနေနဲ့၊ စာမေးပွဲတွေကျတာလဲမပြောနဲ့ ဦးနှောက်မှမပါပဲ"
“ဟေ့ရောင် JK! မင်းဒါတော့များပြီ"
“အမှန်ပြောတာပဲမို့နာမနေနဲ့ အပြောမခံချင် ကြိုးစားသားကြီး"
![](https://img.wattpad.com/cover/355544589-288-k288366.jpg)