« 11 »

377 53 2
                                    

Unicode

အစ်ကိုနဲ့ Berlinသို့ နေ့လည်ကျ ပြန်လာဖြစ်ကြသည်။
မြိုသိပ်ထားခဲ့ရသမျှ ငိုချပြီးတဲ့အခါမှာတော့ အစ်ကို့ပခုံးတစ်ဖက်တွင် မျက်ရည်တို့ရွှဲစိုကုန်သည်။
အစ်ကိုက ဘာမှထပ်မမေးလာပဲ ကိတ်လေးအား စားစေသည်။

ဘယ်အချိန်ကဝယ်လိုက်တာလဲဆိုတော့ Jungkookအဖေနဲ့အမေအတွက် ဝယ်နေတုန်းကတဲ့ ၊ ကိုယ့်အာရုံနဲ့ကိုယ်ဖြစ်နေတော့ သတိမထားမိလိုက်။
ကျေးဇူးလဲတင်ရပြီး ရင်လဲခုန်ရတဲ့ အခိုက်အတန့်လေးပါပဲ။

အခုတော့ အစ်ကိုက အိပ်ပျော်လို့နေလေသည်။
ရင်ခုန်နေတဲ့ ကျွန်တော်ကတော့ အိပ်မပျော်နိုင်ပေ ၊ ငိုနေတူန်းကတော့ ဘာမှမတွေးမိလိုက်ပေမယ့် အခုသွေးအေးသွားတဲ့အခါမှ အစ်ကိုပြောတဲ့စကားတွေကို ပြန်ကြားယောင်ရင်း ရင်တွေတလှပ်လှပ်။

အမြဲတမ်းရှိနေမှာတဲ့လား ၊ ဘယ်အချိန်ထိလဲ ဘယ်လိုဆက်ဆံရေးမျိုးနဲ့လဲ။
မေးချင်မိတယ် ၊ ‌လိုချင်တဲ့အဖြေမရလာမှာလဲကြောက်တယ် ၊ အစ်ကိုရေ ကျွန်တော် ဘာဆက်လုပ်ရမလဲဗျ။

အစ်ကို့အား ငေးရင်း အတွေးများနေတုန်း ခန္ဓာကိုယ်လေးက လှုပ်ရွရွလေးဖြစ်လာကာ အပျင်းကြောဆန့်ရင်း နိုးလာလေသည်။

“အိပ်လို့ကောင်းရဲ့လား"

“ဇိမ်မရှိပါဘူး"

“ရောက်ခါနီးပြီ အိမ်ရောက်မှ ဇိမ်ရှိရှိသာအိပ်တော့"

Berlinသို့ရောက်တော့ လေဆိပ်ထဲကထွက်လာစဉ် တစ်နေ့က Beer Bikeကိုတွေ့ပြန်တော့ အစ်ကိုက လိုက်စီးချင်သည်ဟုပြောလေသည်။

“လူပြည့်ပြီလားမသိဘူး သွားမေးကြည့်မယ်လေ"

“အိုခေ!"

မောင်းသည့်ဦးလေးအား လူပြည့်ပြီလားမေးလိုက်တော့ မပြည့်သေးဘူးဆိုတာကြောင့် နေရာယူလိုက်သည်။ သုံးခုံလွတ်နေသောနေရာဘက်ခြမ်း၌ ထိုင်လိုက်ကြသည်။
နောက်ထပ်နှစ်ယောက်လိုက်ရန် လိုနေသေးတာကြောင့် ခဏစောင့်ပြီးအကြာမှာတော့ လူပြည့်သွားလေသည်။

Beerအေးအေးလေးကြောင့် အိပ်ချင်စိတ်တွေပါ ပြေသွားရလေသည်။ ခုရက်ပိုင်းမသောက်ဖြစ်တာကြောင့် ပိုသောက်လို့ကောင်းနေသယောင်။

Yes or NoWhere stories live. Discover now