« 3 »

854 145 10
                                    

Unicode

Taehyung အိပ်ယာထက်လူးလိမ့်လို့ အိပ်မရဖြစ်နေရသည်။
ဘာလို့ ကြက်တူရွေးကိစ္စထဲသွားရှည်မိလဲ ကိုယ့်ကိုယ်ကိုနားမလည်နိုင်။
ရန်ဖြစ်နေတာမြင်လိုက်ရပြီး နှစ်ယောက်တစ်ယောက်လဲဖြစ်နေတော့ သူပြသနာတက်မှာစိုးပြီး သွားပြောမိခြင်း။

အေ့လေ ဘာလို့ပြသနာတက်မှာစိုးနေရတာလဲ ငါကလေ? သူ့ဘာသူဖြစ်ချင်တာဖြစ်ပေါ့။
မဟုတ်သေးပါဘူး သူ့မှာက အုပ်ထိန်းသူတွေမရှိတော့ဘူး အဲ့တာကို ငါကသနားတာ ဟုတ်တယ်။

ဒါပေမယ့်! အဲ့ကောင်က ကူညီဖို့ မသင့်တော်တဲ့ကောင်။
စကားပြောလိုက်ရင် ကျက်သရေကိုမရှိဘူး။
ဘာတဲ့ သူ့ကောင်လေးလုပ်တဲ့ အံ့ဩတယ်။
ငါကအဲ့လိုဆံပင်ရောင်စုံနဲ့ ကြက်တူရွေးလိုကောင်ကို ကြိုက်စရာလား ဝေးသေး။

တစ်ယောက်တည်း ဟိုတွေးဒီတွေးနဲ့ အိပ်မရတဲ့အဆုံး အားသွင်းထားတဲ့ဖုန်းကိုဖြုတ်ကာ ယူလိုက်ပြီး အချိန်ကြည့်တော့ ၁နာရီခွဲ။
ခဏလောက် မျက်စိညောင်းအောင် လုပ်ပြီးအိပ်ရမယ်။
Instagram ထဲဝင်လိုက်ချိန် abcdefghi__lmnopqrstuvwxyz started following you. ဆိုတဲ့ Notiတက်လာလေသည်။ ပုံကလဲ ကမ်းခြေကနေဝင်ချိန်ပုံဖြစ်ကာ လူပါပေမယ့် မသဲမကွဲ မဲသဲ။

ပြန်မfollowသေးပဲ အကောင့်နာမည်က ထူးဆန်းနေတာကြောင့် အကောင့်ထဲဝင်ကြည့်ရန် နှိပ်လိုက်သည်။
Bioမှာ JKဟုသာ ရေးထားသည်။
အောက်သို့ဆွဲကြည့်မည့်အချိန် Dmက စာတက်လာသည်။ ထိုပေတစ်ရာရှည်အကောင့်က Heyဟုပို့လာခြင်း။
ဘာလား ဘာလား။

စာကိုဝင်မကြည့်ပဲ အောက်သို့ဆက်ဆွဲလိုက်တော့ ပထမဆုံးပုံမှာတင် ထဆဲမိတော့သည်။

“f**k! ဒီကြက်တူရွေးကောင်"

တစ်ခါတည်း wifiပိတ်ပြီး အိပ်ပစ်လိုက်တာ ညနေ၃နာရီမှ နိုးလာတော့သည်။

***

Bar၌ ထိုင်ပြီး ခြေထောက်တလှုပ်လှုပ်နဲ့ ဖုန်းကိုကြည့်ကာ ဂဏာမငြိမ်ဖြစ်နေသော Jungkook ။
မှာထားသော အရက်ခွက်ထဲက ရေခဲက အရည်အကုန်ပျော်လို့နေပြီ။ မှာထားပြီး တစ်စက်မှမသောက်သေးပဲ ဖုန်းကိုသာ အသည်းအသန်ကြည့်လို့နေလေသည်။

“ဟေ့ကောင် မင်းမသောက်ဘူးလား
ရေခဲတွေအကုန်ပျော်ကုန်ပြီ ဘာစိတ်ဝင်စားစရာရှိလို့ ဖုန်းကိုအဲ့လောက်ကြည့်နေတာလဲ"

Yes or NoDonde viven las historias. Descúbrelo ahora