Unicode
“ဒါဆို သားတို့သွားတော့မယ်နော် အန်တီမေမေ
Ceraလဲ စာသေချာလုပ်နော်"“ဟုတ်"
“ဟုတ်ပါပြီ မကြာမကြာလာလည်နော် သားရောအတူလိုက်ခဲ့နော်"
“ဟုတ်ကဲ့ဗျ အစားအသောက်အတွက်လဲ ကျေးဇူးတင်ပါတယ်"
“အို.. မဟုတ်တာကွယ် ကျေးဇူးတင်မယ့်အစား Jungkookလေးကိုသာ အများကြီးချစ်ပေးပါ"
“ဟာ အန်တီမေမေ အဲ့လိုမဟုတ်.."
“စိတ်ချပါဗျ"
အစ်ကို့ဆီက မထင်မှတ်ထားတဲ့စကားကြားလိုက်ရတာကြောင့် အံ့ဩစွာကြည့်မိတော့ အစ်ကိုက ပြုံးကာကြည့်လာလေသည်။
မျှော်လင့်ရတာမကောင်းဘူးအစ်ကိုရဲ့ ၊ ကျွန်တော်က လိုချင်ပြီဆို အပိုင်ရမှကျေနပ်တာ။ အစ်ကို့စိတ်ကကော ကျွန်တော့်လိုပဲ ထပ်တူကျနေပြီလား။“သားလေး ဒီကိုရောက်နေတာအဆင်ပြေပါ့မလား မနက်ဖြန်အတွက်"
“ဟုတ်ကဲ့ အဆင်ပြေပါတယ်"
“ဒီကိုလာခဲ့ပါ့လား"
“ရပါတယ် ကျွန်တော်အဆင်ပြေတာမို့ စိတ်မပူနဲ့နော်"
“ဟုတ်ပါပြီ ဒါဆိုလဲ သွားကြချည် နောက်ကျနေမယ်"
“ဟုတ်ကဲ့"
“ခွင့်ပြုပါအုံးဗျ"
“ဂရုစိုက်သွားလာကြ"
ဒီလိုနဲ့ နှုတ်ဆက်လိုက်ကြပြီး Brandenburg Gate ရှိရာသို့ သွားရာလမ်း၌ အစ်ကို့ကို ခဏခဏကြည့်ကာ မေးရင်ကောင်းမလား မမေးပဲနေရမလားနဲ့ အတွေးများနေတုန်း အစ်ကိုက စကားစလာတာကြောင့် အတွေးတွေ လွင့်စင်သွားရသည်။
“မနက်ဖြန်က.. မိဘတွေရဲ့ နှစ်ပတ်လည်နေ့မလား"
“အစ်ကိုဘယ်လိုသိတာလဲ"
“ငါ့အမေဆုံးတဲ့နေ့နဲ့တူနေတာ ငါလဲအုတ်ဂူရှိရာလာရင်း မင်းကိုတွေ့လိုက်တာ"
“အာ.. ဘယ်လိုလုပ်မလဲဗျ ကျွန်တော်ခေါ်လာမိသွားတယ် အားနာလိုက်တာ"
“အရေးမကြီးပါဘူး"
“ဟင်"
“ရောက်ခါနီးပြီလား မင်းလိုက်ပို့မယ်ဆိုလို့ ငါမနေ့ကရှာကြည့်ထားသေးတယ်"