« 8 »

453 68 16
                                    

Unicode

“အစ်ကို့ ပြီးပြီလား!"

အခန်းအပြင်ဘက်ကနေ အော်နေသောကြက်တူရွေးကောင်အား အမွှေးနှုတ်ပစ်ချင်လာသည်။
ဘာတွေ လောနေမှန်းမသိဘူး ၊ တဆာဆာအော်နေတာ သူ့အမျိုး စာကလေးငှက်တွေလိုပဲ။

“ပြီးပြီလို့ တအားလောတာပဲ အခုမှ ၆နာရီခွဲပဲရှိသေးတာကို"

“ဒီအချိန်သွားမှ အရမ်းလှတဲ့မြင်ကွင်းကို မြင်ရမှာ"

“အေးပါ သွားမယ် ပြီးပြီ"

တံခါးဖွင့်ကာ ထွက်လာသူဟာ တကယ် လူသားဟုတ်ပါရဲ့လား။ နတ်သားမဟုတ်ဘူးလား။ လူယောင်ဆောင်ထားတဲ့ အလှနတ်ဘုရား ဖြစ်နေတာလား။

လက်ရှည်အဖြူ Jean‌ဘောင်းဘီအရှည်အဖြူကိုဝတ်ထားပြီး အပေါ်က သိုးမွှေးVestကိုပါ အဖြူဝတ်ထားလေရာ ခဲရောင်ဆံပင်တို့နှင့် ပနံသင့်လှသည်။
ဒါ့အပြင် ပခုံးထိရှည်သော နားဆွဲလေးကို ဘယ်ဘက်နားတွင် ဝတ်ထားလိုက်တော့ မူးမူးမေ့မေ့ ငေးမောချင်စရာကောင်းနေတော့သည်။

တကယ်တမ်းလဲ ငေးမောနေမိတော့ အစ်ကို့ရဲ့ သာယာနာပျော်ဖွယ်အော်သံ ထွက်လာပါတော့သည်။

“ဟေ့ကောင်!! မတ်တပ်ကြီးသေနေတာလား!"

“အမ်..  သွားမယ် သွားမယ်"

“ဘာလာလာကြည့်နေမှန်းမသိဘူး"

ခြံတံခါးခတ်နေရင်း အစ်ကို့ရဲ့ ဆူပူပူအသံကြောင့် ပြုံးလိုက်မိတယ်။

“အစ်ကိုက တအားလှနေတာကိုး"

“ချီးကိုလှ! ငါ့ကိုလှတယ်လာမပြောနဲ့"

“အမှန်ပြောတော့လဲ အစ်ကိုကလက်မခံဘူး"

“ယောက်ျားလေးပဲ ချောတာပေါ့ ဘာကိုလှတာလဲ"

“ဟုတ်ပါတယ် ကိုချောလှရယ် ခင်ဗျားအချောဆုံးပါ"

အစ်ကိုက မျက်စောင်းနဲ့လာကြည့်ပေမယ့် ပြုံးနေတာကြောင့် Jungkookရဲ့ ငေးမောနေမိခြင်းက မရပ်တန့်နိုင်တော့ပါ။
အစ်ကိုက သိပ်လှတာကို။

***

Taxiငှားလိုက်ပြီး ပန်းခင်းကြီးရှိရာသို့ ဦးတည်လိုက်ကြသည်။ အစ်ကိုကတော့ ကားအပြင်သို့သာ ကြည့်ရင်း လိုက်ပါစီးနှင်းလာလေသည်။
စနောက်တာတွေလဲ မလုပ်တော့ပဲ အစ်ကို့ကိုသာ ငေးမောရင်း တိတ်တဆိတ်သာ လိုက်လာလိုက်တော့သည်။ ဒီလို ကြာရှည်စွာ ငေးမောရခြင်းက ဘယ်အချိန်မှ ရနိုင်မလဲ မသိနိုင်ဘူးမလား။

Yes or NoWhere stories live. Discover now