Unicode
“တကယ်ပြန်တော့မို့လား"
“ပြန်မယ် ပြန်မယ် မနေဘူး!"
“ဘာလို့လဲကွ"
Danဆီက နဂါးမျက်စောင်းနဲ့ ကြည့်ခံလိုက်ရပြီးနောက် သွားစိပြုံးပြလိုက်သည်။
“အေ့ပါ ပြန်ချင်တယ်ဆိုလဲ ပြန်ပါ"
“တအားပြန်စေချင်တဲ့ အသံကြီးနဲ့လာမပြောနဲ့"
“သိသာသွားလား"
“လက်ခလယ်ပဲယူလိုက်"
“လိုက်ပို့မယ် ပေး မင်းအိတ် ငါသယ်ပေးမယ်"
“အဝတ်နှစ်စုံထဲပါတာ လာမဖားနဲ့
လိုက်လဲမပို့နဲ့"“လိုက်ပို့တာထက် လမ်းကြုံလို့ပါ"
“ဘာ! မင်းလစ်လိုက်တော့ Jungkook ငါလုပ်မိတော့မယ်"
“ကိုကို့! ကယ်ပါအုံး"
နောက်ကနေ ခြေထောက်နဲ့လှမ်းကန်တာကြောင့် ဆိုဖာထက်ထိုင်ကာ TVကြည့်နေသူနား ပြေးသွားလိုက်ကာ အနောက်ကနေသိုင်းဖက်လိုက်ပြီး ပါးလေးကိုနမ်းပစ်လိုက်သည်။
“ဘယ်လိုဖြစ်နေတုန်း"
“ချစ်လို့လေ"
“ရွံစရာကောင်းတယ်"
Danဆီမှ ထွက်လာသောအသံ။
အစ်ကိုက ရီနေလေသည်။“အထုပ်အပိုးနဲ့ ဘယ်သွားမို့လဲ"
“ပြန်တော့မို့ အစ်ကို Taehyung"
“ပြန်တော့မို့လား မနေ့ကမှရောက်လာတာကို နေပါအုံးလား"
“မနေတော့ပါဘူးဗျာ ဆက်နေရင် ကျွန်တော့်မျက်လုံးနဲ့ နားတွေကနေ သွေးတွေကျလာလိမ့်မယ်"
“မနာလိုရာက ဖြစ်ပေါ်လာတဲ့ ရောဂါလေ
အစ်ကိုသိလား"ထပ်မံပြီး Danဆီက လက်ခလယ်ကို ရရှိလိုက်ပြန်သည်။
“အစ်ကို အဝတ်သွားလဲချည်"
“ဘာလို့လဲ မနေ့ကတော့ ညနေမှအပြင်သွားမယ်ဆို"
“ဒီကောင့်ကိုလိုက်ပို့ရင်း အစ်ကို့ကိုလဲ လိုက်ပြစရာရှိလို့"
“သွားစရာရှိတဲ့နေရာကိုပဲသွား ငါ့ကိုလိုက်မပို့လဲရတယ်
ခွေးစာတွေထပ်မစားချင်ဘူး"